ထိုင်း လူကုန်ကူးမှု စတင် ကြားနာ

  • 10 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption စွဲချက်တင် ခံထားရသူတွေထဲမှာ စစ်တပ် ဗိုလ်ချုပ်တစ်ဦး ပါဝင်။

ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ ဒါဇင်နဲ့ ချီတဲ့ သူတွေကို ဒီကနေ့ အင်္ဂါနေ့မှာ စတင် ရုံးထုတ်ခဲ့ပါတယ်။

စွဲချက်တင် ခံထားရသူ ၈၈ ယောက် ထဲမှာ စစ်တပ်က ဗိုလ်ချုပ်ကြီး အဆင့် ရှိသူတစ်ယောက်၊ ဒေသဆိုင်ရာ နိုင်ငံရေး သမားတွေနဲ့ စီးပွားရေး သမားတွေ ပါဝင် ပါတယ်။

ဘင်္ဂလားဒေ့ရှ်က လာသူတွေနဲ့ မြန်မာ နိုင်ငံက လာတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ထိုင်းနိုင်ငံထဲ တရားမဝင် ခိုးသွင်းမှုတွေနဲ့ ပတ်သက်ပြီး ဒီနှစ် စောစောပိုင်းက စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် အခု ကြားနာ စစ်ဆေးမှုကို ဘန်ကောက် မြို့တော်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

တရားမဝင် ဝင်ရောက်လာသူတွေရဲ့ အလောင်းတွေကို ထိုင်းနဲ့ မလေးရှားနိုင်ငံ နယ်စပ်မှာ တူးဖော်မိခဲ့ပြီး နောက်ပိုင်း စုံစမ်းမှုတွေ စတင်ခဲ့တာပါ။

ဒီဖြစ်ရပ်ကြောင့် ထိုင်းနိုင်ငံ အတွင်းကို တရားမဝင် ဝင်ရောက်လာသူတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အာရုံ စူးစိုက် လာခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ