ဘူရွန်ဒီ အကြမ်းဖက်ဖြစ်ရပ်တွေ အပေါ် ကုလ သတိပေး

  • 11 နိုဝင်ဘာ 2015
burundi_police ဓာတ်ပုံ မူပိုင်
Image caption ဘူရွန်ဒီ မှာ ဖြစ်ပေါ် နေသမျှ အကြမ်းဖက်မှု အများစု ကို အစိုးရတပ် နဲ့ အစိုးရ အပေါ် လိုလားတဲ့ လက်နက်ကိုင် တွေက ကျူးလွန် နေတာ ဖြစ်တယ်လို့ ကုလသံပြော။

အာဖရိက အရှေ့ပိုင်း ကုန်းတွင်းပိတ် နိုင်ငံ ဖြစ်တဲ့ ဘူရွန်ဒီ နိုင်ငံမှာ အကြမ်းဖက် ဖြစ်ရပ် တွေ ဆက်လက် ဖြစ်ပေါ် နေတာကို တုန့်ပြန် ကိုင်တွယ်ဖို့ ပျက်ကွက် နေတဲ့ အပေါ် ကုလသမဂ္ဂ က သတိပေး လိုက် ပါတယ်။

၁၉၉၄ ခုနှစ် က ရဝမ်ဒါ မှာ လူမျိုးတုန်း သတ်ဖြတ်မှု အထိ ဖြစ် ပေါ်ခဲ့ ပြီး၊ အခု ဘူရွန်ဒီ မှာ ဆိုရင် ရဝမ်ဒါ အဖြစ်အပျက် တုန်း ကထက် ပိုပြီး လို့ တောင်မှ တုန့်ပြန် ကိုင်တွယ်ရေး အစီအစဉ် တွေ ရှိမနေဘူး လို့ ကုလသမဂ္ဂ က သတိပေးတာ ဖြစ်ပါတယ်။

ဘူရွန်ဒီ မှာ ဖြစ်ပေါ် နေသမျှ အကြမ်းဖက်မှု အများစု ကို အစိုးရတပ် နဲ့ အစိုးရ အပေါ် လိုလားတဲ့ လက်နက်ကိုင် တွေက ကျူးလွန် နေတာ ဖြစ်တယ် ဆိုပြီး ကုလသမဂ္ဂရဲ့ လူ့ အခွင့်အရေး ဆိုင်ရာ ကိုယ်စားလှယ် Scott Campbell က ပြောပါတယ်။

ဘူရွန်ဒီ နိုင်ငံ အတွင်း ရုံးမတင်ပဲ အဆုံးစီရင် သတ်ဖြတ်မှု၊ နှိပ်စက်ညှင်းပမ်းမှု တွေ နဲ့ ဖမ်းဆီး မှုတွေ တိုးတက် ဖြစ်ပေါ် နေတယ် လို့ မစ္စတာ Campbell က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ