ရုရှ တားမြစ်ဆေး သုံးစွဲ မှု ပူတင် ဝေဖန်

  • 11 နိုဝင်ဘာ 2015
doping ဓာတ်ပုံ မူပိုင် Getty
Image caption အားကစား သမားတွေ တားမြစ်ဆေး သုံးမှု စစ်ဆေး

ရုရှ အားကစား သမားတွေ လောကမှာ တားမြစ်ဆေး သုံးစွဲ မှု များတယ်လို့ စွပ်စွဲချက်တွေကို အစိုးရ က စုံစမ်း စစ်ဆေးသွားမယ်လို့ ရုရှ သမ္မတ ဗလာဒီမာ ပူတင် က ပြောကြား လိုက်ပါတယ်။

ဒီကိစ္စ အတွက် အားကစား ဝန်ကြီးနဲ့ တကွ တခြား လုပ်ဖော်ကိုင်ဘက်တွေ အားလုံး သေချာ အရေးတယူ ဆောင်ရွက်ကြဖို့ မစ္စတာ ပူတင်က တောင်းဆို ခဲ့တာပါ။

နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက် သွားဖို့ ကိုလည်း မစ္စတာ ပူတင်က ပန်ကြား ခဲ့ပါတယ်။

ကမ္ဘာ့ တားမြစ်ဆေး သုံးစွဲမှု တိုက်ဖျက်ရေး အေဂျင်စီ အဖွဲ့ ရဲ့ တနင်္လာက အစီရင်ခံစာမှာ ရုရှ ကို ပြစ်တင် ရှုတ်ချ ထားပြီးနောက် မစ္စတာ ပူတင်က ပထမဆုံး အကြိမ် ပြောကြား ခဲ့တာပါ။

ဒီပြဿနာဟာ ရုရှ တခုထဲမှာတင် ရှိတာ မဟုတ်ကြောင်း၊ အားကစား လောကမှာ တားမြစ်ဆေး သုံးတာ ပပျောက်ဖို့ ရုရှ အနေနဲ့ အစွမ်းကုန် ဆောင်ရွက် သွားမယ် လို့လည်း မစ္စတာ ပူတင်က ဆိုပါတယ်။

ရုရှ အစိုးရ က တားမြစ်ဆေး သုံးစွဲအောင် အားပေး ကူညီ နေတယ် ဆိုတဲ့ စွပ်စွဲ ချက်တွေကို ရုရှ ဘက်က အရင်က ငြင်းဆန် လာခဲ့တာတွေနဲ့ မတူဘဲ ပြောင်းလဲမှု ဖြစ်တယ်လို့လည်း ဘီဘီစီ ရဲ့ မော်စကို သတင်းထောက်က ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ