ဆင်းဂျားမြို့ကို ပြန်သိမ်းဖို့ ကာဒစ်ရှ်တွေ စစ်ဆင်

  • 12 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန်တို့ရဲ့ လေကြောင်း ပစ်ကူတွေနဲ့ ကာဒစ်ရှ်တွေ စစ်ဆင်နေ။

အီရတ် နိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ ကာဒစ်ရှ် တပ်ဖွဲ့တွေဟာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ လက်အောက်က ဆင်းဂျား မြို့ကို ပြန်သိမ်းနိုင်ဖို့ စစ်ဆင်ရေး တစ်ခုကို စတင် လိုက်ပါတယ်။

ဆင်းဂျားမြို့ဟာ အီရတ် ဆီးရီးယား နယ်စပ်က ဗျူဟာအရ အရေးပါတဲ့ မြို့ ဖြစ်ပြီး ကာဒစ်ရှ် တပ်တွေရဲ့ စစ်ဆင်ရေးကို အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တွေက လေကြောင်း ပစ်ကူတွေနဲ့ ထောက်ပံ့ ပေးပါတယ်။

ဆင်းဂျားမြို့ကို ပြန်သိမ်းနိုင်မယ် ဆိုရင် IS အဖွဲ့ရဲ့ အမာခံ ခြေကုပ်မြို့တွေ ဖြစ်တဲ့ ရက္ကာနဲ့ မိုဆူးလ် မြို့တွေ ကြားက ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက်လိုက် နိုင်မှာ ဖြစ်ပါတယ်။

မနှစ်က ဒီမြို့ကို IS တွေ သိမ်းခဲ့ချိန်က ဆင်းဂျား တောင်ပေါ် တက်ပြေးခဲ့တဲ့ ယာဇီးဒီး မြို့နွယ်စုတွေ သောင်းနဲ့ချီပြီး ပိတ်မိ နေခဲ့ကြရပါတယ်။

ယာဇီးဒီး အမျိုးသား ရာပေါင်းများစွာ သတ်ဖြတ် ခံခဲ့ရပြီး ယာဇီးဒီး အမျိုးသမီးနဲ့ မိန်းကလေးတွေ အဖမ်းခံရကာ လိင်ကျွန်အဖြစ် အသုံးချ ခံခဲ့ရပါတယ်။

ဆင်းဂျား တောင်ပေါ်ကနေ ယာဇီးဒီး အများစု နောက်ပိုင်းမှာ စွန့်ခွာ နိုင်ခဲ့ပေမယ့် အဲဒီမှာ ထောင်နဲ့ချီပြီး ကျန်ရှိ နေပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ