IS အဖွဲ့က Jihadi John သေဆုံး

  • 13 နိုဝင်ဘာ 2015
Image caption IS လူသတ်သမား Jahidi John သေဆုံး

အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ရဲ့ ဗီဒီယို တွေထဲက ခေါင်းဖြတ် လူသတ်သမား ဂျီဟာဒီ ဂျွန် ကို အမေရိကန် နိုင်ငံက ဒရုန်းနဲ့ တိုက်ခိုက်မှု လုပ်ခဲ့စဉ် ထိမှန် သေဆုံး ခဲ့ပြီ ဖြစ်ကြောင်း စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဗြိတိန် နိုင်ငံသား ဂျီဟာဒီ ဂျွန် တစ်ဖြစ်လဲ မိုဟာမက် အမ်ဝါဇီ သေဆုံးခဲ့ပြီ ဖြစ်ကြောင်း အမေရိကန် စစ်ဘက် အကြီးတန်း အရာရှိ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဂျီဟာဒီ ဂျွန် ကို တိုက်ခိုက် နိုင်ခဲ့တာနဲ့ ပါတ်သက်လို့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က အမ်ဝါဇီ ဟာ ရက်စက် ကြမ်းကြုတ်တဲ့ လူသတ်သမား ဖြစ်ပြီး သူ ဗြိတိန် နိုင်ငံက ကယ်ဆယ်ရေး ဝန်ထမ်းကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ဗီဒီယို ကို မြင်တွေ့ခဲ့ရတာ အလွန် တုန်လှုပ်ခဲ့ရ ကြောင်း ပြောပါတယ်။

ဗြိတိန်၊ ဆီးရီးယား နိုင်ငံတွေ အပါအဝင် တကမ္ဘာလုံးက အပြစ်မဲ့သူတွေကို အန္တရာယ် ပေးမဲ့ သူ ဖြစ်ပြီး အခုလို တိုက်ခိုက်မှုဟာ မိမိကိုယ်ကို ခုခံ ကာကွယ်တာ ဖြစ်လို့ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်ကြောင်း ဆက်လက် ပြောကြား သွားခဲ့ပါတယ်။

IS အဖွဲ့က အရေးပါတဲ့ ဂျီဟာဒီ ဂျွန် ကို တိုက်ခိုက် နိုင်ခဲ့တဲ့ အတွက် IS အဖွဲ့အပေါ်မှာ စိတ်ဓါတ် ရေးရာ အရ အောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဝါရှင်တန်မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ