ဆင်ဂျာမြို့ကို ကာ့ဒ်တွေ ပြန်သိမ်းနိုင်ပြီ

  • 13 နိုဝင်ဘာ 2015
sinja ဓာတ်ပုံ မူပိုင် Reuters
Image caption ဆင်ဂျာမြို့ဟာ ဆီးရီးယား နဲ့ နယ်စပ်အနီး တည်ရှိတာ ကြောင့် မဟာဗျုဟာ အရ အရေးပါတဲ့ မြို့ ဖြစ်ပါတယ်။

၁၅ လကြာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ လက်အောက် ကျရောက် နေခဲ့တဲ့ ဆင်ဂျာ မြို့ကို အမေရိကန် တို့ လေကြောင်း ပစ်ကူ နဲ့ ကာ့ဒ်မျိုးနွယ်စု တပ်တွေက ပြန်လည် သိမ်းပိုက် လိုက် နိုင်ပါတယ်။

ဆင်ဂျာမြို့ဟာ ဆီးရီးယား နဲ့ နယ်စပ်အနီး တည်ရှိတာ ကြောင့် မဟာဗျုဟာ အရ အရေးပါတဲ့ မြို့ ဖြစ်ပါတယ်။

အခု ဆိုရင် ကာ့ဒ် မျိုးနွယ်စု တပ်ဖွဲ့ တွေ က သူတို့ရဲ့ ကြီးမားလှတဲ့ အလံကြီး ကို ဆင်ဂျာ မြို့မှာ လွှင့်ထူ ထားလိုက် ပြီ ဖြစ်ပါတယ်။

IS တွေဟာ အရပ်မျက်နှာ ၃ ဘက် ကနေ ကာ့ဒ်တပ်ဖွဲ့တွေ ရဲ့ ပိတ်ဆို့ တိုက်ခိုက်တာ ခံခဲ့ရတဲ့ နောက် ဆင်ဂျာ မြို့ ကနေ ဆုတ်ခွာ သွားခဲ့တာ ဖြစ်တယ် လို့ အဲဒီ့ မြို့မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဆင်ဂျာ မြို့ကိုပါ ပြန်လည် ရရှိ လိုက်နိုင် တာကြောင့် ကာ့ဒ် မျိုးနွယ်စု တပ်ဖွဲ့ အတွက် မနှစ်က ဆုံးရှုံး ခဲ့ရတဲ့ နယ်မြေ ပိုက်နက် အများအပြား ထဲ က အခုဆိုရင် အားလုံးနီးပါး ကို ပြန်လည် သိမ်းပိုက် နိုင် ခဲ့ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ