ပါရီ တိုက်ခိုက်မှုမှာ ပြင်သစ် နိုင်ငံသား တစ်ယောက်ပါဝင်

  • 15 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ပါရီ တိုက်ခိုက်မှု ပြင်သစ် နိုင်ငံသား တစ်ဦး ပါဝင်

ပဲရစ်မြို့တွင်းက စားသောက်ဆိုင် မှာ ထိုင်နေတဲ့သူတွေ၊ တေးဂီတ ဖြေဖျော်ပွဲရုံအတွင်း ကြည့်ရှု နေသူတွေ လမ်းမတွေမှာ ရှိနေတဲ့သူတွေ ကို သေနတ်တွေ နဲ့ ပစ်ခတ် သတ်ဖြတ် ခဲ့တဲ့သူတွေထဲ က တချို့က အခုထိ လွတ်မြောက်နေသေးတယ်လို့ အခုနောက်ဆုံး သတင်းတွေ အရ သိရပါတယ်။

ပဲရစ်ရဲ့ ဆင်ခြေဖုံးအရှေ့ပိုင်း က မွန်တာအီ အရပ်မှာ စွန့်ပစ်သွားခဲ့တဲ့ အနက်ရောက် မော်တော်ကားတစင်းဟာ သောကြာနေ့ည ကအကြမ်းဖက် သမားတွေ သုံးခဲ့တယ်လို့ ယူဆ ရပြီး အဲဒီကားထဲမှာ AK47 မောင်းပြန် သေနတ်တွေကို တွေ့ခဲ့ရတဲ့အကြောင်း ပြင်သစ်တရားရေးဌာန က အရာရှိတွေ က ပြောပါတယ်။

ဒီတိုက်ခိုက်မှု အတွင်း အကြမ်းဖက် သမား ၇ ယောက် သေပြီး ကျန်ရစ်တဲ့အထဲ ကတယောက် ကတော့ အစ္စမေးလ် မော့တာဖိုင် ဖြစ်ပြီး တော့ သူ က ပြင်သစ်နိုင်ငံသား တစ်ယောက် ဖြစ်ပါတယ်။

သူနဲ့ နီနီးကပ်ကပ်သိသူ ၆ ယောက် အဲဒီထဲမှာ သူ့ ဆွေမျိုးတွေကို လည်း ထိန်းသိမ်း စစ်ဆေးနေတယ်လို့ ပြင်သစ် တာ၀န်ရှိသူတွေ က ပြောပါတယ်။

တိုက်ခိုက်မှု ကို အဖွဲ့ ၃ ဖွဲ့ ဖွဲ့ပြီး လုပ်တာ လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ကယူဆထားကြပြီး တော့ ဘယ်လဂျီယံ က လူတွေနဲ့ လည်း အဆက်အသွယ်ရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။

အခု အေကေ မောင်းပြန်သေနတ်တွေ တွေ့ရတဲ့ကား ဟာ စားသောက်ဆိုင်တွေမှာ ရှိနေတဲ့ လူတွေ ကို ပစ်ခတ်သတ်ဖြတ်ခဲ့သူတွေ သုံးခဲ့တာ လို့ ယူဆထားကြပြီး ၊ ဒီ ပစ်ခတ်တိုက်ခိုက်သူ အချို့ဟာ တခြားကားတစင်း နဲ့ မြောက်ပိုင်း ကို ထွက်ခွာနိုင်ခဲ့ပြီး ဘယ်လဂျီယံ ကို ရောက်သွားနိုင်တယ် လို့ တွက်ဆ ထားပါတယ်။

Stade de France အားကစားကွင်း နားက တိုက်ခိုက်မှု မှာ သေပြီးကျန်ရစ်တဲ့ တိုက်ခိုက်သူ အကြမ်းဖက်သမား တယောက် ရဲ့အလောင်းနားမှာ ဆီးရီးယား ပတ်စပို့ တခု ကျကျန်နေတာ ကိုလည်း ရဲတွေ က တွေ့ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ