အကြမ်းဖက်မှုကို ရင်ဆိုင်ဖို့ ခေါင်းဆောင်တွေ ညီညွတ်ဟုဆို

  • 16 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် PA

အကြမ်းဖက် သမားတွေကို နှိမ်နင်းရာမှာ သူတို့ရဲ့ ငွေကြေး အထောက်အပံ့တွေကို ဖြတ်တောက်ဖို့နဲ့ ထောက်လှမ်းရေး သတင်းတွေကို အချင်းချင်း ဝေမျှဖို့ ကမ္ဘာ့ ခေါင်းဆောင်တွေ သဘောတူခဲ့ ကြတယ်လို့ ယူကေ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောပါတယ်။

သောကြာနေ့က ပဲရစ်မြို့ တိုက်ခိုက်မှုဟာ အားလုံး ရင်ဆိုင်နေရတဲ့ အန္တရာယ်ကို မီးမောင်း ထိုးပြလိုက်တာပဲလို့ တူရကီမှာ ပြုလုပ်တဲ့ စက်မှုထိပ်သီး နိုင်ငံ ၂၀ (ဂျီ ၂၀) အစည်းအဝေးမှာ မစ္စတာ ကင်မရွန်းက ပြောပါတယ်။

အစောပိုင်းကတော့ မစ္စတာ ကင်မရွန်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပြီး IS အဖွဲ့ကို နှိမ်နင်းဖို့နဲ့ ဆီးရီးယား စစ်ပွဲ ကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်။

ဆီးရီးယား အရေးအပေါ် ထားရှိတဲ့ ရုရှားနဲ့ အနောက်နိုင်ငံတွေ အကြား ရပ်တည်ချက်က အတော်လေး ကွဲပြားနေပေမယ့် အခုတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တာကို အားလုံးက လက်ခံ လိုက်ကြပြီလို့ သူက ပြောပါတယ်။

သောကြာနေ့ ညက ပဲရစ်မြို့မှာ ဘားဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဂီတဖျော်ဖြေပွဲ ခန်းမ တို့ကို တိုက်ခိုက်မှုတွေကြောင့် လူ ၁၂၉ ယောက် သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ