အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကို ပိုမိုလုပ်ဆောင်မယ်

  • 17 နိုဝင်ဘာ 2015
putin_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား သူပုန် အုပ်စု တချို့ နဲ့ ရုရှား အကြား သဘောတူညီ ချက် တွေ ရှိလာပြီ။

စက်မှု ထိပ်သီး နိုင်ငံ ၂၀ ရဲ့ အစည်းအဝေး ပြုလုပ် နေတဲ့ တူရကီ နိုင်ငံ အန်ထားလျာ မြို့မှာ ကမ္ဘာ့ ခေါင်းဆောင် တွေ တွေ့ဆုံ ခဲ့ကြပြီး အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး ကို ပိုပြီး လုပ်ဆောင် ကြဖို့ စိတ်ပိုင်းဖြတ် ထားကြတယ် လို့ ဆိုပါတယ်။

IS အဖွဲ့ ကို ချေမှုန်းရေး ကို အားလုံး စုစုစည်းစည်း နဲ့ တညီတညွတ်တည်း လုပ်ဆောင်ကြဖို့ လိုအပ်တယ် ဆိုတဲ့ အချက် အပေါ် ခေါင်းဆောင် တွေ အားလုံး သဘောတူ ခဲ့ ကြပါတယ်။

ဆီးရီးသမ္မတ အာဆတ်ရဲ့ အခိုင်အမာ မဟာမိတ် ဖြစ်နေတဲ့ ရုရှား သမ္မတ ပူတင် ကိုယ်တိုင် အခုဆို ဆီးရီးယား သူပုန် အုပ်စု တချို့ နဲ့ ရုရှား အကြား သဘောတူညီ ချက် တွေ ရှိလာပြီး၊ အဲဒီ့ သူပုန် တွေ ထိန်းချုပ်ရာ နယ်မြေ တွေ ကို လေကြောင်း တိုက်ခိုက် မှု တွေ မပြုလုပ်ဖို့ သဘောတူထား လို့ ပြောလာ ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားကတော့ IS အဖွဲ့ ကို တိုက်ခိုက်ဖို့ အမေရိကန် ခြေလျှင်တပ် တွေ စေလွှတ် သင့်တယ် ဆိုတဲ့ တောင်းဆို မှု တွေ ကို ပယ်ချလိုက်ပြီး၊ IS အဖွဲ့နဲ့ ပတ်သက်ပြီး လက်ရှိ အမေရိကန်ရဲ့ မဟာဗျူဟာ က အလုပ်ဖြစ် နေတယ် လို့ ပြောဆို ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ