ဓားထိုးခံရလို့ အစ္စရေး ၂ ဦး သေဆုံး

  • 19 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဘုရားဝတ်ပြုတဲ့ နေရာအဖြစ် သုံးတဲ့ ဆိုင်အဝမှာ ဓားနဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့။

အစ္စရေး နိုင်ငံ၊ တဲလ်အဗစ် မြို့မှာ ပါလက်စတိုင်း တစ်ဦးက ဓားနဲ့ တိုက်ခိုက်တဲ့ အတွက် အစ္စရေး နှစ်ဦး သေဆုံး သွားပြီး နောက်တစ်ဦး ဒဏ်ရာ ရသွားတယ်လို့ အစ္စရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

တဲလ်အဗစ်မြို့ တောင်ပိုင်းက ဆိုင်တစ်ဆိုင်မှာ ဂျူးတွေ ဘုရားဝတ်ပြုစဉ် ဆိုင်ပေါက်ဝမှာ ဓားထိုးမှုတွေ ဖြစ်ခဲ့တာလို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

တိုက်ခိုက်သူကို လမ်းသွား လမ်းလာတွေက ရဲတွေ မရောက်ခင် ဖမ်းဆီး ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂ လအတွင်း နေ့စဉ်လိုလို လမ်းပေါ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာမှာ အစ္စရေး ၁၄ ယောက်နဲ့ ဒါဇင်ချီတဲ့ ပါလက်စတိုင်းတွေ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ပါလက်စတိုင်း သေဆုံးသူ အများစုကတော့ တိုက်ခိုက်သူတွေ ဖြစ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ