မာလီတိုက်ခိုက်မှု၊ ဟိုတယ်မှာ ဓားစာခံတွေ မကျန်တော့

  • 20 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဓားစာခံ ၃၀ သာ လွတ်မြောက်လာသေး။

မာလီ နိုင်ငံ၊ ဘာမာကို မြို့တော်မှာ အမေရိကန်က ပိုင်ဆိုင်တဲ့ ဟိုတယ် တစ်လုံးကို အစ္စလာမ္မစ် စစ်သွေးကြွတွေက ဝင်စီးပြီး လူ ၁၇၀ လောက်ကို ဓားစာခံ အဖြစ် ဖမ်းဆီး ထားရာမှာ မာလီ အထူးတပ်ဖွဲ့တွေက အဲဒီ ဟိုတယ်ထဲကို ဝင်ရောက် ရှင်းလင်း ခဲ့တယ်လို့ သိရပါတယ်။

အဖမ်းခံထားရတဲ့ လက်ကျန် ဓားစာခံတွေ မရှိတော့ဘူးလို့ ပြောပေမယ့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

အစောပိုင်းကတော့ လူ ၃ ဦး သေဆုံးပြီး စစ်သား ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တွေ၊ လေကြောင်းလိုင်း ဝန်ထမ်းတွေ အသုံးများတဲ့ Radisson Blu လို့ ခေါ်တဲ့ အဲဒီ ဟိုတယ်ကို သေနတ် သမားတွေက အစ္စလာမ္မစ် အယူဝါဒတွေ ကြွေးကြော်ပြီး ပစ်ခတ် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ လက်ချက် မဖြစ်နိုင်ပေမယ့် အာဖရိက အနောက် မြောက်ပိုင်းက အစ္စလာမ် အစွန်းရောက် ဝါဒီတွေ ပါဝင် ပတ်သက်ဖွယ် ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ