မာလီမှာ အရေးပေါ် အခြေအနေ ကြေညာ

  • 21 နိုဝင်ဘာ 2015
onu_mali_ ဓာတ်ပုံ မူပိုင်
Image caption ဓားစာခံ အနေနဲ့ ပိတ်မိ နေခဲ့ ကြရတဲ့ လူပေါင်း ၁၃၀ ကျော် ပြန်လည် လွတ်မြောက် လာ။

မာလီ နိုင်ငံမှာ အရေးပေါ် အခြေအနေ ၁၀ ရက် ကြေညာလိုက် ပါတယ်။

မြို့တော် ဘာမာကို မှာ ရှိတဲ့ ဇိမ်ခံ ဟိုတယ် ရာဒစ်ဆန် ဘလူး ကို သေနတ်သမားတွေ က စီးနင်း တိုက်ခိုက်မှု ဖြစ်ပေါ် ခဲ့တဲ့ နောက် အခုလို ကြေညာ လာတာ ဖြစ်ပါတယ်။

ဟိုတယ် ကို ဝင်စီးထားတဲ့ လက်နက်ကိုင်တွေ နဲ့ တိုက်ခိုက် နေမှု ကတော့ ပြီးဆုံး သွားပြီ ဖြစ်ပါတယ်။

တိုက်ခိုက်မှု အတွင်း ဟိုတယ်မှာ တည်းခိုနေတဲ့ ဧည့်သည် ၁၉ ဦး အနည်းဆုံး သေဆုံးခဲ့ ရပြီး၊ နာရီပေါင်း များစွာ ဓားစာခံ အနေနဲ့ ပိတ်မိ နေခဲ့ ကြရတဲ့ လူပေါင်း ၁၃၀ ကျော် တော့ ပြန်လည် လွတ်မြောက် လာတယ် လို့ မာလီ အစိုးရ ရုပ်သံ က ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှု ကို သူတို့ ပြုလုပ် ခဲ့တာ ဆိုပြီး အယ်လ်ကိုင်အေဒါး နဲ့ အဆက်အစပ် ရှိတဲ့ မြောက် အာဖရိက အခြေစိုက် စစ်သွေးကြွ အုပ်စု တစ်ခု က ကြေညာ ထားပါတယ်။

မာလီ နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် ဘာမာကို မြို့တော် မှာ အစည်းအဝေး ရှိတုန်း တမင် အချိန်ကိုက် အခုလို တိုက်ခိုက် လာခဲ့တာ လို့ ယူဆရတယ် ဆိုပြီး ကုလသမဂ္ဂ ရဲ့ အကြီးတန်း အရာရှိ တစ်ယောက် ဖြစ်တဲ့ မော်န်ဂီ ဟမ်ဒီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ