အိုဘားမား မလေးရှား ရောက်ရှိ၊ လုံခြုံရေး ထူထပ်

  • 20 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption မလေးရှားကို ရောက်ပြီး မကြာမီ ကွာလာလမ်ပူမြို့က တက္ကသိုလ်တစ်ခုမှာ လူငယ်တွေနဲ့ အိုဘားမား တွေ့ဆုံ။

အမေရိကန် သမ္မတ အိုဘားမားဟာ သူ့ရဲ့ ၆ ရက်တာ အာရှ ခရီးစဉ် နောက်ဆုံးပိုင်း အဖြစ် မလေးရှား နိုင်ငံကို ဒီကနေ့ သောကြာနေ့မှာ ရောက်ရှိ လာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့ ပဲရစ်မြို့ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးနောက် စိုးရိမ်မှုတွေ ရှိနေချိန်မှာ တင်းကျပ်တဲ့ လုံခြုံရေး အစီအစဉ်တွေနဲ့ ရောက်ရှိ လာတာပါ။

အတည်မပြုနိုင်တဲ့ အကြမ်းဖက်မယ့် သတင်းတွေကို မလေးရှား ရဲတွေက ရခဲ့ပြီး၊ လုံခြုံရေး တပ်သား ၂ ထောင်ကျော်ကို ကွာလာလမ်ပူ မြို့တော် တဝိုက်မှာ ချထားပါတယ်။

မစ္စတာ အိုဘားမားဟာ အခု သီတင်းပတ် အကုန်မှာ အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးမှာလည်း အမေရိကန်နဲ့ တရုတ် တို့အကြား တင်းမာမှုတွေက အရိပ်ထိုးနေဖွယ် ရှိပါတယ်။

မလေးရှားကို မလာရောက်ခင် မစ္စတာ အိုဘားမားက အေပက် အစည်းအဝေး တက်ဖို့ ဖိလစ်ပိုင်ကို ဝင်ရောက်ခဲ့ပြီး၊ အဲဒီမှာ အိုဘားမားက တရုတ်တို့ အနေနဲ့ တောင်တရုတ် ပင်လယ်မှာ ကျွန်းတုတွေ ဆောက်နေတာကို ရပ်တန်းက ရပ်ရမယ်လို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ