ပြင်သစ်ရဲတွေ ဝင်စီးတဲ့ အခန်းက အလောင်းထပ်တွေ့

  • 20 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် EPA
Image caption ပဲရစ်မြို့ မြောက်ပိုင်း၊ စိန့်ဒင်းနစ် အရပ်က တိုက်ခန်းကို ဗုဒ္ဓဟူးနေ့က ပြင်သစ်ရဲတွေ ဝင်စီးခဲ့။

သောကြာနေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့မှာ ပဲရစ်မြို့ မြောက်ပိုင်းက တိုက်ခန်းကို ပြင်သစ်ရဲတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် အဲဒီ အခန်းက အပျက်အစီးတွေ ကြားမှာ တတိယမြောက် အလောင်းကို ထပ်တွေ့ရတယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

အဲဒီ အမျိုးသမီး အလောင်းဟာ အဲဒီ တိုက်ခန်းမှာပဲ သေဆုံးခဲ့တဲ့ ပဲရစ် တိုက်ခိုက်မှုကို ဦးဆောင်သူလို့ သံသယရှိသူ အက်ဘ်ဒဲလ်ဟာမစ် အဘာယုရဲ့ ဝမ်းကွဲ ညီအစ်မ ဖြစ်တယ်လို့ ပြင်သစ် အာဏာပိုင်တွေက အတည်ပြု လိုက်ပါတယ်။

အတည်ပြုဖို့ ကျန်နေသေးတဲ့ နောက်ထပ် အလောင်း တစ်လောင်းလည်း ရှိနေသေးပြီး မှုခင်း ဆရာဝန်တွေက အဲဒီ တိုက်ခန်းမှာ စစ်ဆေး နေဆဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ သောကြာနေ့ ပါရီ တိုက်ခိုက်မှုအတွင်း ဒဏ်ရာ ရခဲ့သူတွေထဲက တစ်ဦး ထပ်မံ သေဆုံးသွားတယ်လို့ သိရတဲ့အတွက် ပါရီ တိုက်ခိုက်မှုကြောင်း စုစုပေါင်း သေဆုံးသူ ၁၃၀ ရှိသွားပြီ ဖြစ်ပါတယ်။

သီးခြား ဖြစ်ရပ် အနေနဲ့ ဥရောပ နိုင်ငံတွေကို ဝင်ရောက်သူ အားလုံးကို တင်းတင်းကျပ်ကျပ် စစ်ဆေး သွားမယ်လို့ အီးယူ ဝန်ကြီးတွေက သဘောတူ လိုက်ပါတယ်။ အစောပိုင်း အချိန်အထိ အီးယူ နိုင်ငံသား မဟုတ်သူတွေကိုသာ စနစ်တကျ စစ်ဆေးခဲ့တာ ဖြစ်ပြီး အခုတော့ အားလုံးကို ဝင်ရောက်သူ အားလုံးကို စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ