အတိုက်အခံ ခေါင်းဆောင်နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် ကြိုးပေးကွပ်မျက်

  • 21 နိုဝင်ဘာ 2015
_ali_ahsan_md_mujahid ဓာတ်ပုံ မူပိုင် Focus Bangla
Image caption အလီ အာဆန် မိုဟာမက်ဒ် မူဂျာဟစ်ဒ် ဟာ ဂျမအာ့တ် အစ္စလာမ်မီ ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ မှာ စစ်ရာဇဝတ်မှု ပုဒ်မ တွေ နဲ့ သေဒဏ် ချမှတ် ခံထားရတဲ့ အတိုက်အခံ ခေါင်းဆောင် ၂ ဦး ကို ကွပ်မျက် စီရင် လိုက် ပြီ ဖြစ်ပါတယ်။

ဆလာဟူဒင် ကွာဒါ ချောင်ဒရီ နဲ့ အလီ အာဆန် မိုဟာမက်ဒ် မူဂျာဟစ်ဒ် တို့ ၂ ဦး ဟာ ၁၉၇၁ ခုနှစ် တုန်းက ပါကစ္စတန် နိုင်ငံ နဲ့ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေး စစ်ပွဲ အတွင်း စစ်ရာဇဝတ်မှု တွေ ကျူးလွန် ခဲ့တယ် ဆိုပြီး သေဒဏ် ချမှတ် ခံခဲ့ ရတဲ့ နောက် သမ္မတ ထံ အသနားခံ စာ တင် ခဲ့ ပေမယ့် အငြင်း ခံခဲ့ ရပါတယ်။

အဲဒီလို အငြင်းခံ ခဲ့ရပြီး မကြာခင် မှာပဲ သူတို့ကို ကြိုးပေး ကွပ်မျက် လိုက်တာ ဖြစ်ပါတယ်။

ဩဇာကြီးတဲ့ နိုင်ငံရေး သမား တစ်ဦး ဖြစ် ခဲ့ တဲ့ မစ္စတာ ချောင်ဒရီ ဟာ လူသတ်မှု၊ ညှင်းပမ်း နှိပ်စက်မှု တွေ ကျူးလွန် ခဲ့ လို့ ဆိုပြီး ပုဒ်မ အတပ် ခံခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ် ရဲ့ အကြီးဆုံး အစ္စလာမ်မစ် ပါတီ ဖြစ်တဲ့ ဂျမအာ့တ် အစ္စလာမ်မီ ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ မစ္စတာ မူဂျာဟစ်ဒ် လည်းပဲ ထိပ်တန်း ပညာတတ် တွေ ကို သတ်ဖြတ် ခဲ့မှု နဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ လူ့ အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ HRW ကတော့ သူတို့ ၂ ဦး ဟာ မျှတ တဲ့ ကြားနာ စစ်ဆေးမှု မျိုး မရရှိခဲ့ ဘူး ဆိုပြီး ဝေဖန် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ