ဘယ်လ်ဂျီယမ် လုံခြုံရေး တပ်လှန့်မှု အမြင့်ဆုံးမှာ ဆက်ထားမယ်

  • 23 နိုဝင်ဘာ 2015
belgium_security_forces ဓာတ်ပုံ မူပိုင် AFP
Image caption ရဲနဲ့ စစ်တပ် အစောင့်အရှောက် တွေလည်း မြို့တော်မှာ တိုးမြှင့် ချထားမယ်။

ဘယ်လ်ဂျီယမ် နိုင်ငံ ဘရပ်ဆဲလ် မြို့တော် အပါအဝင် နိုင်ငံတဝှမ်း မှာတော့ လုံခြုံရေး တပ်လှန့်မှု အမြင့်ဆုံး အခြေအနေ ကို ဆက်လက် ထားရှိဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်။

ပဲရစ် တိုက်ခိုက်မှု အပြီး အလားတူ အကြမ်းဖက် မှု တွေ ဖြစ်ပေါ် လာနိုင်တဲ့ အန္တရာယ် အခြေအနေ ဆက်လက် ရှိနေဆဲ ဖြစ်တယ်လို့ ဘယ်လ်ဂျီယမ် အာဏာပိုင်တွေက ဆိုပါတယ်။

ဒီကနေ့ တနင်္လာ နေ့မှာလည်း ဘရပ်ဆဲလ် မြို့တော် မှာ ကျောင်းတွေ နဲ့ မြေအောက်ရထား ပြေးဆွဲတာတွေ ဆက်လက် ပိတ်ထားမယ်လို့ ဘယ်လ်ဂျီယမ် ဝန်ကြီးချုပ် ရှားလ်မီရှဲလ် က ပြောပါတယ်။

ဒါ့အပြင် ရဲနဲ့ စစ်တပ် အစောင့်အရှောက် တွေလည်း မြို့တော်မှာ တိုးမြှင့် ချထားမယ် လို့ ဆိုပါတယ်။

ဘရပ်ဆဲလ် မြို့တော် မှာ တနင်္ဂနွေ ညနေခင်းပိုင်း တုန်းက ရဲတပ်ဖွဲ့ ရဲ့ အမျိုးအမည် မသိရတဲ့ လှုပ်ရှား ဆောင်ရွက်မှု တချို့ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ရရှိ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ