ဥရောပ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆွေးနွေး

  • 23 နိုဝင်ဘာ 2015
charles_michel_ ဓာတ်ပုံ မူပိုင်
Image caption ဘယ်လ်ဂျီယမ် ဝန်ကြီးချုပ် မီရှဲလ်

ပဲရစ်မြို့မှာ အကြမ်းဖက်အုပ်စု ရဲ့ တိုက်ခိုက်ခံရမှု အပြီး မှာ ဥရောပ ခေါင်းဆောင်တွေ ဟာ တနိုင်ငံ နဲ့ တနိုင်ငံ အကြား မှာ ထောက်လှမ်းရေး သတင်း အချက်အလက် တွေ ဝေမျှမှု ရှိမှသာ အကြမ်းဖက်မှု တွေ ကို အနည်းဆုံး ကာကွယ် ဟန့်တား နိုင်မယ် ဆိုတာ ကို သဘော ပေါက်သွား ကြပါ တယ်။ အထူးသဖြင့် ဆီးရီးယား နဲ့ အီရပ် ဖက် ခြေကုတ် ယူထားတဲ့ အိုင်အက်စ် အစ္စလမ်မစ်နိုင်ငံ လက်နက်ကိုင် အဖွဲ့ဟာ ဥရောပ ရှိ အစ္စလမ်ဘာသာဝင် လူငယ်တွေ ကို လူမှုကွန်ယက်တွေ က တဆင့် စည်းရုံးယင်း သူတို့ရဲ့ ဝါဒတွေ ကို ဖြန့်ဖြူး သိမ်းသွင်းပြီး မိမိတို့ မှီတင်းနေထိုင်ရာ မွေးစား နိုင်ငံ အတွင်း မှာပါ ဖေါက်ခွဲရေး လုပ်ငန်း တွေ လုပ်စေခြင်း အားဖြင့် အကြောက်တရား နဲ့ တုံလှုပ် ခြောက်ခြား စေခဲ့ပါတယ်။

ဒါကြောင့် မို့ ဗြိတိန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယမ် နိုင်ငံတို့ မှ လူငယ်တွေ ဟာ ဆီးရီးယား မှာ စစ်သင်တန်း၊ ဖေါက်ခွဲရေး ပညာရပ် စတာတွေ သင်ယူ လေ့လာပြီး မိမိ တို့ နိုင်ငံ အသီးသီး ကို ပြန်လာတဲ့ အခါမှာ လေ့လာ စောင့်ကြည့် တဲ့ ထောက်လှမ်းရေး ရေဒါ မြင်ကွင်းမှာ ထင်သာ မြင်သာ မရှိကြ တော့ ပါဘူး။ ဥရောပ တကြောမှာ လည်း ဒုက္ခသည် အမည်ခံပြီး စစ်ပြေးဒုက္ခသည် တွေ နဲ့ ရောနှောယင်း ဥဒဟို ဝင်ထွက်တာတွေ လည်း များလာပါတယ်။

ဒါကြောင့်မို့ တနင်္လာနေ့ မနေ့ က ပဲရစ်မြို့ မှာ ပြင်သစ်သမ္မတ Francois Hollande နဲ့ ဗြိတိသျှ ဝန်ကြီးချုပ် David Cameron တို့ တွေ့ဆုံကြပြီး ထောက်လှမ်းရေး သတင်း အချက်အလက် မျှဝေဖို့ သဘောတူ လိုက်ကြပါတယ်။

အခုလို ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ အပြီး မှာ Francois Hollande က သတင်းထောက် တွေ ကို ရှင်းပြရာ မှာ နိုင်ငံ ပိုင်နက်တွေ နဲ့ ပြည်သူလူထု ရဲ့ အသက်အိုးအိမ် ကာကွယ် ဖို့ သတင်းအချက်အလက် နည်းပညာ အချက် အလက်တွေ ကို တိုးတက်လာဖို့ နဲ့ တိုးမြှင့်ရေး၊ မြန်ဆန် ထိရောက်မှု ရှိရေးပါ Mr Cameron နဲ့ သဘောတူမှု ရရှိတဲ့ အကြောင်း။ နှစ်နိုင်ငံ အတွင်းသာ မကပဲ ဥရောပ တဝန်း အဆင့် အထိ သက်ရောက် မှုရှိရေး အတွက်ပါ ပါဝင်တာ တွေ သတင်းထောက်တွေ ကို ရှင်းပြ ပါတယ်။

Mr Cameron ဘက်ကလည်း သေမင်းတမန် မိစ္ဆာတွေ ကို တိုက်ဖျက်ပေးယင်း ပြင်သစ်ဘက် က ဝိုင်းကူ မဲ့ အကြောင်း ပြောခဲ့ပါတယ်။ ဒီသီတင်းပတ်ထဲမှာ အမေရိကန်၊ ဂျာမနီ နဲ့ ရုရှ ခေါင်းဆောင် တွေ နဲ့ပါ Mr Hollande တွေ့ဆုံ ဖို့ အစီအစဉ်ရှိပါတယ်။

ဘယ်လ်ဂျီယမ် ဝန်ကြီးချုပ်Charles Michel ကလည်း သတင်းစာ ရှင်းလင်းပွဲ မနေ့ က ခေါ်ယူယင်း တိုက်ခိုက်မှု ဖြစ်လာ နိုင်တဲ့ ခြိမ်းခြောက်မှု က ရှိနေဆဲ ဆိုတာ ကို သတိပေး တဲ့ အနေနဲ့ အတည်ပြု စကား ပြော ပါတယ်။ ပြည်သူတွေ အနေနဲ့ တည်တည်ငြိမ်ငြိမ် ရှိဖို့ လိုသလို နိုးနိုးကြားကြား လည်း ရှိစေ ချင်တယ်။ တိုက်ခိုက်မှု တွေ ဟာ ကွဲပြားတဲ့ နေရာ တွေမှာ တချိန်ထဲ မှာလည်း ပေါ်ပေါက်နိုင်ပါတယ် လို့ ရှင်းပြ သွားတာပါ။ မနက်ဖန် ဗုဒ္ဓဟူးနေ့ ကျမှာ ကျောင်းတွေ ပြန်ဖွင့် မဲ့ အကြောင်းနဲ့ အများ အသုံးပြု သယ်ယူပို့ဆောင်ရေး လုပ်ငန်း တွေ ပြန်လည် စတင်မဲ့ အကြောင်း လည်း ဝန်ကြီးချုပ် Michel က ပြောပါတယ်။