ပြင်သစ် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် လုပ်မယ်

  • 23 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ပြင်သစ် လေယာဉ်တင်သင်္ဘော ချားလ်စ်ဒီဂေါကို တနင်္လာနေ့ကစပြီး လေကြောင်း တိုက်ခိုက်မှုတွေမှာ သုံးသွားမယ်

ဆီးရီးယားနဲ့ အီရတ်မှာ ရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေ အပေါ် လေကြောင်း တိုက်ခိုက်မှုတွေကို ပြင်သစ် နိုင်ငံက ပြင်းပြင်းထန်ထန် တိုးမြှင့် ပြုလုပ်သွားမယ်လို့ သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က ပြောပါတယ်။

တိုက်ခိုက်မှုတွေမှာ ပြင်သစ် လေယာဉ်တင် သင်္ဘော ချားလ်စ် ဒီဂေါလ် ပါဝင် ဆောင်ရွက်မယ် လို့လည်း မစ္စတာ ဟော်လန်းဒ်က ယူကေ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ တွေ့ဆုံ ဆွေးနွေးပြီးနောက် ပဲရစ်မြို့မှာ ပြောပါတယ်။

ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ် မြို့တော်မှာတော့ အကြမ်းဖက် အန္တရာယ်အတွက် လုံခြုံရေးသတိ အမြင့်ဆုံးအဆင့် တပ်လှန့်ထားတာ ၃ ရက်မြောက် ရှိသွားပြီ ဖြစ်ပါတယ်။ ပဲရစ်မြို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိတဲ့ သေနတ်သမား ဆာလာ အက်ဒီဆလမ်ကို ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

ပြင်သစ်နဲ့ ယူကေ နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးက အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် သတင်း အချက်အလက်တွေ ဖလှယ်ဖို့ အပါအဝင် ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ကြဖို့ သဘောတူ ခဲ့ကြပါတယ်။

လူ ၁၃၀ သေဆုံးခဲ့တဲ့ ပဲရစ်မြို့ တိုက်ခိုက်မှုကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ