အသေခံ ဗုံးခွဲခါးပတ်လို ပစ္စည်း တွေ့ရှိ

  • 23 နိုဝင်ဘာ 2015
 paris ဓာတ်ပုံ မူပိုင် Reuters
Image caption မသင်္ကာဖွယ် တွေ့လို့ ရဲစစ်ဆေးရေး ပိုမိုချထား

ပြင်သစ် နိုင်ငံ ပဲရစ် မြို့တော် တောင်ပိုင်းက မြို့စွန် ရပ်ကွက် တခုမှာ အသေခံ ဗုံးခွဲခါးပတ်နဲ့ တူတဲ့ မသင်္ကာဖွယ် ပစ္စည်း တခု တွေ့ရှိခဲ့ပါတယ် ။

Montrouge ရပ်ကွက်က အမှိုက်ပုံး ထဲမှာ တွေ့တဲ့ ပစ္စည်းဟာ ပဲရစ် အကြမ်းဖက် တိုက်ခိုက်မှု တွေမှာ သုံးတဲ့ ခါးပတ်တွေ နဲ့ တူတယ် လို့ ပြင်သစ် ရဲ ဘက်က ဆိုပါတယ်။

ကျောဘက် နဲ့ ရှေ့ဘက် ၂ ဘက် စလုံးပါတဲ့ ဒီပစ္စည်းကို ရဲက စစ်ဆေးနေပြီး ဒါကို ပဲရစ် တိုက်ခိုက်မှု မှာ အဓိက အလိုရှိ နေတဲ့ Salah Abdeslam ဝတ်ဆင် ခဲ့သလား စစ်ဆေး နေတာပါ။

ဒီအချိန်မှာပဲ ချားလ်စ် ဒီဂေါလ် ပြင်သစ် လေယာဉ်တင် သင်္ဘော ပေါ်က နေပြီး စစ်လေယာဉ် တွေနဲ့ အစ္စလာမ္မစ် နိုင်ငံ အုပ်စုကို လေကြောင်း တိုက်ခိုက်မှု တွေ စတင်နေပါပြီ။

အီရတ် နဲ့ ဆီးရီးယား က ရက်ကာ အပါအဝင်IS တပ်ဖွဲ့ တွေ ရဲ့ အမာခံ စခန်း တွေကို ပစ်မှတ်ထား တိုက် ခိုက် နေတယ်လို့ ပြင်သစ် စစ်ဘက်က ပြောပါတယ်။

မြေထဲ ပင်လယ် အရှေ့ပိုင်းမှာ လေယာဉ်တင် သင်္ဘော တပ်စွဲပြီး ခုလို စစ်ဆင်တဲ့ အတွက် IS ကို တိုက်နေတဲ့ ပြင်သစ် လေယာဉ် တွေ ၃ ဆ တိုးလာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ