အလာဂျန်ကို ဖိုင်ဇာက ဒေါ်လာဘီလျံ ၁၆၀နဲ့ ဝယ်

  • 23 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters

အိုင်ယာလန် အခြေစိုက် ဆေးဝါး ကုမ္ပဏီ အလာဂျန် Allergan ကို အမေရိကန် ဆေးဝါး ကုမ္ပဏီကြီး ဖိုင်ဇာ Pfizer က ဒေါ်လာ ဘီလျံ ၁၆၀ နဲ့ ဝယ်ယူဖို့ သဘောတူညီမှု ရသွားပါတယ်။

အလာဂျန် ကုမ္ပဏီဟာ အရေပြားပေါ်က အရေးအကြောင်းတွေကို ကုသတဲ့ဆေး Botox ကို ထုတ်လုပ်သူ ဖြစ်ပါတယ်။ ဒီ ဝယ်ယူမှုဟာ ဆေးဝါး ကုမ္ပဏီတွေရဲ့ သမိုင်းမှာ အကြီးဆုံး တန်ဖိုး ဖြစ်ပါတယ်။

အခု ဝယ်ယူမှုကြောင့် ဖိုင်ဇာ ကုမ္ပဏီ ရုံးချုပ်ကို အလာဂျန် ရုံးချုပ်ရှိရာ ဒပ်ဘလင်မြို့ကို ပြောင်းရွှေ့ အခြေစိုက်ပြီး အမေရိကန်ကို ပေးရမယ့် မြင့်မားတဲ့ အခွန်တွေကို ရှောင်လွှဲနိုင်မှာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ် ပါတယ်။

အသစ် ပေါင်းစည်းသွားမယ့် ကုမ္ပဏီသစ်ဟာလည်း ရောင်းအားအရ ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီတွေထဲမှာ အကြီးဆုံး ကုမ္ပဏီကြီး ဖြစ်လာမှာပါ။

ကုမ္ပဏီသစ်ကို Allergan PLC နာမည်အောက်မှာ ဖွဲ့စည်းမှာ ဖြစ်ပြီး ကုမ္ပဏီရဲ့ စျေးကွက် တန်ဖိုးက ဒေါ်လာ ဘီလျံ ၃၀၀ ကျော် ရှိလာမယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ