ရုရှားစစ်လေယာဉ်ကို တူရကီ တိုက်လေယာဉ်တွေ ပစ်ချ

  • 24 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှားက သူတို့ လေယာဉ် တူရကီနယ်စပ်ထဲ မဝင်ခဲ့ဘူးလို့ ပြော။

တူရကီနဲ့ ဆီးရီးယား နယ်စပ်မှာ တူရကီ တိုက်လေယာဉ်တွေက ရုရှား စစ်လေယာဉ် တစ်စီးကို ပစ်ချ လိုက်တယ်လို့ သိရပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဆီးရီးယား နယ်နိမိတ်ထဲမှာ ပျံနေတဲ့ Su-24 အမျိုးအစား ရုရှား စစ်လေယာဉ်ဟာ တူရကီ အက်ဖ် ၁၆ တိုက်လေယာဉ် တွေရဲ့ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ ထိမှန် ခဲ့တာလို့ ပြောပါတယ်။

ဒါပေမယ့် တူရကီ စစ်တပ် အရာရှိတွေကတော့ ရုရှား လေယာဉ်ဟာ တူရကီ လေပိုင်နက်ထဲ ဝင်ရောက် ခဲ့တဲ့အတွက် သတိပေးခဲ့ပြီးမှ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စတာ ပူတင်ကတော့ အကြမ်းဖက်သမားတွေရဲ့ ကြံရာပါတွေက နောက်ကျောကို ဓားနဲ့ ထိုးလိုက်တာပဲလို့ အခု အဖြစ်အပျက်ကို ရည်ညွှန်း ပြောဆိုသွားပါတယ်။

ရုရှား လေယာဉ်မှူးတွေ အချိန်မီ ခုန်ထွက် ခဲ့ကြပေမယ့် အနည်းဆုံး လေယာဉ်မှူး တစ်ယောက်တော့ သေဆုံးခဲ့တယ်လို့ ဆီးရီးယား သူပုန်တွေက ပြောပါတယ်။

အခုလို ရုရှား စစ်လေယာဉ် ပစ်ချခံရတာဟာ ဆီးရီးယားမှာ ရုရှား လေကြောင်း တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ စက်တင်ဘာလ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ