အမေရိကန် အားလပ်ရက် လုံခြုံရေး စီစဉ်ထား

obama ဓာတ်ပုံ မူပိုင် Reuters
Image caption ပြင်သစ် သမ္မတနဲ့ အိုဘားမား တွေ့ဆုံခဲ့

အမေရိကန် နိုင်ငံ မှာ ကျေးဇူးတော် ချီးမွမ်းတဲ့ အားလပ်ရက် မတိုင်မီ အိမ်ပြန်ကြမယ့် သန်းနဲ့ ချီတဲ့ ခရီးသွား တွေ အတွက် လုံခြုံ စိတ်ချ ရအောင် စီစဉ် ထားတယ် လို့ အမေရိကန် သမ္မတ အိုဘားမား က ပြောကြား လိုက်ပါတယ်။

ပဲရစ်မြို့ တိုက်ခိုက် ခံရမှု အတွက် လူတွေ စိတ်ပူ နေကြမှာ ကို သူ နားလည် ပါတယ်၊ ဒါပေမဲ့ အမေရိကန် နိုင်ငံ ကို ဒီလို တိုက်ခိုက်ဖို့ ကြံစည်တဲ့ အထောက် အထား ခိုင်ခိုင်လုံလုံ ရရှိ မထားဘူးလို့ မစ္စတာ အိုဘားမား က ပြောကြား ခဲ့ပါတယ်။

အစ္စလာမ္မစ် နိုင်ငံတပ် က စစ်သွေးကြွ တွေ ပုန်းနေတဲ့ နေရာထိ အမေရိကန် က လိုက်လံ ချေမှုန်းသွားမယ် လို့ မစ္စတာ အိုဘားမား က အိမ်ဖြူတော်မှာ သတင်းထောက် တွေကို ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ