တူရကီက ရုရှားကို မီးနဲ့ မဆော့ဖို့ ပြော

  • 27 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption တူရကီ တိုက်လေယာဉ်ရဲ့ ဒုံးကျည် ထိမှန်ပြီးနောက် ရုရှား လေယာဉ်ဟာ ဆီးရီးယား နယ်မြေထဲမှာ ပျက်ကျခဲ့။

ရုရှား လေယာဉ်ကို တူရကီက ပစ်ချခဲ့တဲ့ ကိစ္စအတွက် တင်းမာမှု၊ အငြင်းပွားမှုတွေ ပေါ်ပေါက်နေချိန်မှာ တူရကီ ဝန်ကြီးချုပ် အာဒိုဂန်က ရုရှား သမ္မတ ပူတင်ကို 'မီးနဲ့ မကစားပါနဲ့' ဆိုပြီး သတိပေး ပြောဆို လိုက်ပါတယ်။

ပဲရစ်မြို့မှာ ပြုလုပ်မယ့် ရာသီဥတု ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ မစ္စတာ ပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့လိုတယ် လို့လည်း မစ္စတာ အာဒိုဂန်က ရုပ်သံ မိန့်ခွန်းမှာ ပြောသွားပါတယ်။

မစ္စတာ ပူတင်ကတော့ တူရကီ အနေနဲ့ တောင်းပန်ဖို့ အသင့်ဖြစ်ပုံ မရသေးတဲ့အတွက် တွေ့ဆုံဖို့ ငြင်းဆိုခဲ့ကြောင်း မစ္စတာ ပူတင်ရဲ့ လက်ထောက် တစ်ဦးက ပြောပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးကလည်း တူရကီနဲ့ ရုရှား အကြား ဗီဇာ မလိုဘဲ သွားရောက်နိုင်တဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

တူရကီက ရုရှား လေယာဉ်ကို သူ့လေပိုင်နက်ထဲမှာ ရောက်နေစဉ် ပစ်ချခဲ့တာလို့ ပြောပေမယ့် ရုရှား ကတော့ ဆီးရီးယား နယ်မြေထဲမှာပဲ ပျံနေခဲ့တာလို့ ဆက်လက် ပြောဆို နေပါတယ်။

တူရကီ သမ္မတ အာဒိုဂန်က သူ့မိန့်ခွန်းထဲမှာ ရုရှား သမ္မတ ပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့လိုကြောင်း၊ ရုရှားနဲ့ ဆက်ဆံရေး မပျက်စီး လိုကြောင်းလည်း ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ