မူးယစ်ဆေးဝါးကို လူနာတင်ကားနဲ့ မှောင်ခိုသွင်း

  • 28 နိုဝင်ဘာ 2015
_bbc_304x171
Image caption လူနာတင်ကားနဲ့ မူးယစ်ဆေးမှောင်ခိုသယ်

ဒပ်ချ် လူမျိုး တယောက် ဟာ သူနာတင် ယာဉ် တွေကို ဗြိတိန် နိုင်ငံဘက် တင်သွင်းလာဟန် ဆောင်ပြီး တရားမဝင်ဆေးတွေ မှောင်ခို ချလာမှု နဲ့ အပြစ်ရှိကြောင်း တွေ့ရပါတယ်။ အဆိုပါ အမ်စတာဒမ် မြို့ နေ Leonardus Bijlsma ဟာ လူနာ ယောင်ဆောင်သူတွေ၊ ဆေးဝန်ထမ်းယောင် ဆောင်သူတွေ နဲ့ ပူးပေါင်းကြံစည် ကြတာ ဖြစ်ကြောင်း ဗြိတိသျှ အစိုးရ ရှေ့နေတွေ က ပြောပါတယ်။

အဆိုပါ မှောင်ခိုဆေးတွေ ကို ခေါက်ရေပေါင်း လေးဆယ် အရ ငွေတန်ဖိုး အားဖြင့် ဒေါ်လာ နှစ် ဘီလီယံ ခွဲ တင်သွင်း ခဲ့ကြောင်း ဘာမင်ဂန် တရားရုံး ကြားနာမှု အရ သိရပါတယ်။ သူနာတင် ကားတစီး မှာ ဆိုရင် အလေးချိန် ကီလိုရာ ဂဏန်းချီတဲ့ ကိုကိန်း၊ ဘိန်းဖြူ၊ MDMA အမှုန့် နဲ့ ecstasy မူးယစ်ဆေးပြား တွေ ထောင်နဲ့ ချီ ပါလာပါတယ်။ Leonardus Bijlsma နဲ့ အပေါင်းပါ နှစ်ယောက် ကို လာမဲ့ သီတင်းပတ်မှာ အမိန့်ချမှာပါ။