ရွှေ့ပြောင်းသူတွေ အရေး အီးယူနဲ့ တူရကီကြား သဘောတူညီမှုရ

  • 29 နိုဝင်ဘာ 2015
_millions_more_refugees_c ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား ဒုက္ခသည်တွေကို ကူညီဖို့ အီးယူက ယူရိုငွေ သန်း ၃ ထောင် ပေးမှာ ဖြစ်ပါတယ်။

ဥရောပထဲကို ဝင်ရောက် လာနေတဲ့ ရွှေ့ပြောင်းသူ တွေ နဲ့ ဒုက္ခသည် စီးကြောင်း ကြီးကို ထိန်းချုပ် ကိုင်တွယ် နိုင်ရေး နဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ အီးယူ နဲ့ တူရကီ နိုင်ငံ အကြား သဘော တူညီချက် တစ်ရပ် ရရှိ လာပါတယ်။

ဘရပ်ဆဲလ်မြို့တော် မှာ တစ်ရက်တာ စကားပြောဆိုမှု တွေ ပြုလုပ် ခဲ့ပြီး အခုလို သဘောတူချက် ရလာတဲ့ အကြောင်း ကြေညာချက် ချက် ထွက်လာတာပါ။

အဲဒီ့ သဘောတူညီချက် အရ၊ တူရကီ နိုင်ငံထဲက ဆီးရီးယား ဒုက္ခသည်တွေကို ကူညီဖို့ အီးယူက ယူရိုငွေ သန်း ၃ ထောင် ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အီးယူ ထဲကို တူရကီ နိုင်ငံ ဝင်ရောက်ရေး နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ အသစ်တွေ ပြုလုပ် ကြဖို့လည်း သဘောတူညီ ထားပါတယ်။

အခု သဘောတူညီချက် တွေ အလျင်အမြန် အကောင်အထည် ပေါ် လာဖို့ မျှော်လင့်တယ် ဆိုပြီး အီးယူ ဥက္ကဌ ဒေါ်နယ်လ်တုစ်ခ် က ပြောပါတယ်။

တူရကီ ဝန်ကြီးချုပ် အာမက် ဒါဗူးတော်လူး ကလည်း အခု ရရှိခဲ့တဲ့ သဘောတူညီ မှု တွေ နဲ့ ပတ်သက်ပြီး အင်မတန် ဝမ်းမြောက်ကြောင်း ပြောသလို၊ ဘရပ်ဆဲလ် ဆွေးနွေးပွဲ ဟာ သမိုင်းဝင် ဖြစ်ခဲ့တယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ