ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညီလာခံ အကြို ဆွေးနွေးပွဲတွေ စတင်နေ

  • 29 နိုဝင်ဘာ 2015
paris_eiffel_tower_climate_summit ဓာတ်ပုံ မူပိုင် Reuters
Image caption ထိပ်သီးညီလာခံ တနင်္လာနေ့မှာ တရားဝင် စမယ်။

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲနေတဲ့ ကိစ္စ အတွက် ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ထိပ်သီး ညီလာခံ အစဦး ဆွေးနွေးမှုတွေ ကို ပဲရစ် မြို့တော် မှာ စတင် ကျင်းပ နေပြီ ဖြစ်ပါတယ်။

အခုလ အစောပိုင်းက အစ္စလာမ်မစ် တွေရဲ့ တိုက်ခိုက်မှု ကြောင့် ပဲရစ်မြို့တော်မှာ သေဆုံး ခဲ့ကြ ရသူတွေ အတွက် ဝမ်းနည်း ခြင်း အထိမ်းအမှတ် အဖြစ် ဆွေးနွေးပွဲ အဖွင့်မှာ တမိနစ် ငြိမ်သက် ခဲ့ကြ ပါတယ်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲနေတဲ့ ပြဿနာကို ကိုင်တွယ် နိုင်ဖို့ရာ အခု ညီလာခံ ကနေ ကောင်းမွန်တဲ့ သဘောတူညီ မှု တွေ နိုင်ငံတကာ အကြား ရရှိ လာလိမ့်မယ် လို့ ယုံကြည် ကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လော်ရဲန့် ဖဘျူးစ် က အဖွင့် အစည်းအဝေး မှာ ပြော ခဲ့ပါတယ်။

ကမ္ဘာကြီး ပူနွေးလာတာကို ထိန်းသိမ်း နိုင်ဖို့ ဆိုရင် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ် နေတာတွေကို လျှော့ချ နိုင်ဖို့ ကြိုးစား ကြရမယ် ဆိုပြီး တော့လည်း ပြင်သစ် ဝန်ကြီး ဖဘျူးစ် က ဆိုပါတယ်။

ထိပ်သီးညီလာခံ ကတော့ တနင်္လာနေ့ မှာ တရားဝင် စတင်မှာ ဖြစ်ပါတယ်။

ကမ္ဘာကြီး ပူနွေးလာတဲ့ အပေါ် နိုင်ငံတကာ ခေါင်းဆောင်တွေ အနေနဲ့ အရေးတကြီး ကိုင်တွယ် ဖြေရှင်းကြ ဖို့ တကမ္ဘာလုံး အနှံ့ ချီတက် တောင်းဆိုမှု တွေ ပြုလုပ် ခဲ့တာမှာ လူတွေ သိန်း ပေါင်း များစွာ ပါဝင် ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ