ဆီးရီးယားထဲ လေကြောင်းကနေ တိုက်မှာလား၊ ဗြိတိန်ပါလီမန်ထဲ မဲခွဲတော့မယ်

  • 1 ဒီဇင်ဘာ 2015
_uk_tornado_304x171 ဓာတ်ပုံ မူပိုင် Getty
Image caption ဗြိတိသျှ တိုနေးဒိုး တိုက်လေယာဉ်။

ဆီးရီးယား နိုင်ငံထဲမှာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို ပစ်မှတ်ထားပြီး ဗြိတိန် နိုင်ငံက လေကြောင်း တိုက်ခိုက်မှု တွေ လုပ်ဆောင်ဖို့ ပါလီမန်က ခွင့် ပြုမပြု ဆိုတာကို ဗုဒ္ဓဟူးနေ့ မှာ မဲခွဲ ဆုံးဖြတ်ကြ မှာ ဖြစ်တယ် လို့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် က ပြောလိုက် ပါတယ်။

အီရတ် နိုင်ငံ ထဲ မှာသာ မက အခုလို ဆီးရီးယား ထဲမှာပါ တိုးချဲ့ပြီး လေကြောင်း တိုက်ခိုက်မှု တွေ လုပ်ဆောင်ဖို့ အပေါ် ထောက်ခံ လာကြတဲ့ ဗြိတိန် ပါလီမန် အမတ် အရေအတွက် တိုးတက် လာနေတယ် ဆိုပြီး တော့လည်း ဝန်ကြီးချုပ် ကင်မရွန်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်တုန်းကတော့ ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆတ် ရဲ့ တပ်တွေ ကို တိုက်ခိုက် ဖို့ မစ္စတာ ကင်မရွန် ရဲ့ အဆိုဟာ ပါလီမန်ထဲမှာ ရှုံးနိမ့် ခဲ့တဲ့ အတွက် ဝန်ကြီးချုပ် အနေနဲ့ မျက်နှာပန်း မလှ ဖြစ်ခဲ့ရပါတယ်။

အတိုက်အခံ လေဘာ ပါတီ ခေါင်းဆောင် ဂျရမီ ကိုဘင် ကတော့ ဆီးရီးယားထဲ လေကြောင်း တိုက်ခိုက်မယ့် အပေါ် သူ့ တစ်ကိုယ် ရေ သဘော အရ ဆန့်ကျင်ပေမယ့် လေဘာ အမတ် တွေ အနေနဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့် ပေးထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ