ကယ်လီဖိုးနီးယားပြည်နယ်ထဲ ပစ်ခတ်မှု ဖြစ်ပွား

  • 2 ဒီဇင်ဘာ 2015
california_shooting ဓာတ်ပုံ မူပိုင် AP
Image caption ပစ်ခတ် မှု ကြောင့် အနည်းဆုံး လူ ၁၄ ယောက် သေဆုံး။

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလီစ် မြို့ အရှေ့ဘက်က ဆန် ဘာနာဒီနို မြို့ မှာ အနည်းဆုံး သေနတ်သမား တစ်ယောက် ရဲ့ ပစ်ခတ် မှု ကြောင့် အနည်းဆုံး လူ ၁၄ ယောက် သေဆုံးပြီး၊ ၁၄ ယောက်ဒဏ်ရာ ရခဲ့တယ် လို့ မြို့ခံ ရဲတပ်ဖွဲ့ က ပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့ သေနတ် သမား တွေ အရေ အတွက် ဟာ ၃ ယောက် လောက်ထိ ရှိနိုင်ပြီး၊ ကားတစ်စင်း နဲ့ ထွက်ပြေး လွတ်မြောက် သွားတယ် လို့လည်း ဆိုပါတယ်။

အဲဒီ့ သေနတ် သမားတွေ ဟာ စစ်ဝတ်စုံ ပြည့် ဝတ်ဆင် လာခဲ့ ကြတာ ဖြစ်ပြီး၊ သေနတ် အရှည် တွေ ပါ ကိုင်ဆောင် ထားခဲ့ ကြတယ် လို့ ဆန် ဘာနာဒီနို ရဲ တပ်ဖွဲ့ က ပြောပါတယ်။

အစိုးရ ကျန်းမာရေး ဌာနက ပါတီပွဲ တစ်ခု လုပ်ဖို့ အဲဒီ့ နေရာ ကို ငှားရမ်း ထားတာ ဖြစ်တယ် ဆိုပြီး ပစ်ခတ်မှု တွေ ဖြစ်ပေါ် ခဲ့ရာ ခန်းမ ရဲ့ ကြီးကြပ်ရေးမှုး က ဆိုပါတယ်။

အဲဒီ့ ခန်းမဟာ မသန်စွမ်းသူ တွေ အတွက် ဖွင့်လှစ် ထားရှိတဲ့ လူမှု ဖူလုံရေး ခန်းမ ဖြစ်တယ် လို့ အစောပိုင်း သတင်းတွေ က ပြောပါတယ်။

အစုလိုက် အပြုံလိုက် အပစ်အခတ် အသတ်အဖြတ် ခံနေရတာ ဟာ တကမ္ဘာ လုံးမှာ အမေရိကန် ထဲ အဖြစ် အများ နေဆုံး ပဲလို့ အမေရိကန် သမ္မတ အိုဘားမား က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ