facebook ပိုင်ဆိုင်မှုတွေ လှူဒါန်းပစ်မယ်

  • 2 ဒီဇင်ဘာ 2015
 Mark Zuckerberg ဓာတ်ပုံ မူပိုင် Getty
Image caption Facebook တည်ထောင်သူ မက်ဇူကာဘတ်နဲ့ ဇနီး

Facebook လူမှု ကွန်ရက် တည်ထောင်သူ မက်ဇူကာဘတ် က နောင်လာမယ့် မျိုးဆက်သစ် တွေ အတွက် ကောင်းမွန်တဲ့ ကမ္ဘာကြီး ဖန်တီးဖို့ သူ့ ပိုင်ဆိုင်မှု ကို ရက်ရက်ရောရော လှူဒါန်းမယ့် အကြောင်း ပြောပါတယ် ။

အင်္ဂါနေ့ က မက်ဇူကာဘတ် နဲ့ ဇနီးသည် ပရက်ဆဲလာ ချန်း တို့ သူတို့ သမီးဦးလေး မက်စ် ကို မွေးဖွားပြီးတဲ့ နောက် Facebook ရဲ့ ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို လှူဒါန်း သွားမယ်လို့ ကြေညာ ခဲ့ပါတယ် ။

သမီးလေး အတွက် စာ လို့ နာမည် ပေးထားတဲ့ ပေးစာ တစောင် ကို မက် ဇူကာဘက် က သူ့ရဲ့ Facebook စာမျက်နှာ မှာ ဖော်ပြ ခဲ့ပါတယ် ။

သမီးလေး မက်စ် မွေးဖွား ခဲ့ပြီးနောက် စကားလုံး နဲ့ ဖော်ပြလို့ မရအောင် ဝမ်းသာ ပျော်ရွှင် ခဲ့ပြီး သူ့ သမီးလေးကို သူတို့ ရှင်သန် နေထိုင်ရတဲ့ ကမ္ဘာကြီး ထက် ပိုကောင်းမွန်တဲ့ နေရာမှာ ကြီးပြင်း အရွယ်ရောက် စေချင်တယ်လို့ သူက ဆိုပါတယ် ။

အဲဒီလို ဖြစ်ဖို့ ဆင်းရဲ မွဲတေမှု ပပျောက်အောင် ၊ ပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း တွေ နဲ့ နည်းပညာ ပိုင်း ဆိုင်ရာတွေ မှာ အကျိုးပြု ဖို့ Facebook ရဲ့ ရှယ်ယာ တွေ ကို လှူဒါန်း သွားမယ် လို့ ရေးသား ဖော်ပြ ခဲ့ပါတယ် ။

မက် ဇူကာဘတ်က ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေရဲ့ စွမ်းပကား တွေကို ဖွံ့ဖြိုး လာအောင် ဖန်တီး ပေး နိုင်ရင် သူ့သမီးတင် မဟုတ်ဘဲ လူ့အဖွဲ့အစည်း အတွင်းမှာ ရှိတဲ့ လူတွေ ကမ္ဘာကြီးကို ပိုမို အကျိုးပြု နိုင်မှာ ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ် ။

မက် ဇူကာဘတ် က Facebook ရဲ့ ရှယ်ယာ တွေကို သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ၊ ကျန်းမာရေး အတွက် အထောက် အကူ ပြုတဲ့ သုတေသန လုပ်ငန်း တွေနဲ့ အနာဂတ် လူမှု ဝန်းကျင် ဆက်သွယ်မှု အားကောင်း လာအောင် နည်းပညာ ပိုင်း ဆိုင်ရာ ကူညီတဲ့ နေရာ တွေကို လှူဒါန်း သွားမှာလို့ ပြောကြား ခဲ့ပါတယ် ။

Facebook လူမှု ကွန်ယက်ကို ကမ္ဘာပေါ်က လူ သန်း တထောင် လောက် သုံးစွဲ နေပြီး လက်ရှိ ကုမ္မဏီ ရဲ့ တန်ကြေးဟာ ၄၅ ဘီလျံ ဒေါ်လာ တန်ကြေး ရှိပါတယ် ။

မက် ဇူကာဘက် က သူ့ ဇနီးသည် ပရက်ဆဲလာ ချန်းက သူတို့ အသက်ရှင် သမျှ လှူဒါန်း မှုတွေ ပြုလုပ် သွားမယ်လို့ လည်း ပြောကြားခဲ့ ပါတယ်။

Facebook ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို လှူဒါန်းခဲ့ပြီး ရင်တောင် ဇနီးသည် ရဲ့ ပိုင်ဆိုင်မှု မပါဘဲ သူ့အနေနဲ့ ပိုင်ဆိုင်မှု က ဒေါ်လာ သန်း တရာ ကျော် ရှိနေဦးမှာ ဖြစ်ပါတယ် ။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် သန်းကြွယ် သူဌေးကြီး ဝါရင် ဘက်ဖက် က မက် ဇူကာ ဘက် တို့ ဇနီး မောင်နှံရဲ့ ဆုံးဖြတ်ချက် အတွက် ဂုဏ်ယူ ဝမ်းမြောက် ကြောင်း ပြောကြားခဲ့ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ