IS ကို တိုက်မလား ဗြိတိန် မှာ ဆွေးနွေး

  • 2 ဒီဇင်ဘာ 2015
cameron ဓာတ်ပုံ မူပိုင် AFP
Image caption IS ခြိမ်းခြောက်မှု ရှိနေပြီလို့ ကင်မရွန်းပြောဆို

အမေရိကန် ဦးဆောင် တဲ့ ညွန့်ပေါင်း တပ်တွေနဲ့ အတူ ဆီးရီးယား က IS အစ္စလာမ္မစ် နိုင်ငံ အုပ်စု ကို ပူးပေါင်း တိုက်ခိုက် ဖို့ ဗြိတိသျှ အစိုးရ ရဲ့ အစီအစဉ် ကို ပါလီမန်မှာ ဒီကနေ့ စတင် ဆွေးနွေး နေ ပါတယ်။

IS အုပ်စုဟာ ကလေးတွေကို အစွန်းရောက် တွေ ဖြစ်လာအောင် သိမ်းသွင်းနေပြီး ဗြိတိသျှ နိုင်ငံသား တွေကို သတ်ဖြတ်ဖို့ ကြံစည်တဲ့ မိစ္ဆာ အဖွဲ့ ဖြစ်တယ် ဆိုပြီး ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက အောက်လွှတ်တော်မှာ ပြောကြား ခဲ့ပါတယ်။

IS ရဲ့ ခြိမ်းခြောက်မှုဟာ ယခု လက်ရှိမှာ ဖြစ်နေတာပါ။ အီရတ်မှာ သူတို့ကို ဝင်ပြီး တိုက်သလို ဆီးရီးယားမှာလည်း ဝင်လို့ ရပါတယ် ဆိုပြီး ဒေးဗစ် ကင်မရွန်းက ပြောပါတယ်။

ဒီလို ဝင်တိုက်ရင် အရပ်သားတွေ သေကုန်မှာ ဖြစ်ပြီး ဆီးရီးယားက သန်းနဲ့ချီတဲ့ ပြည်သူတွေ ကလည်း ပြည်တွင်းစစ် ရပ်ဖို့ ညှိနှိုင်း ဆွေးနွေးလိုကြတယ်လို့ အတိုက်အခံ လေဘာ ပါတီ ခေါင်းဆောင် Jeremy Corbyn က ပြောပါတယ်။

ဗြိတိန် လူထု ရဲ့ ဆန္ဒ သဘောထား ကလည်း ဒီလို စစ်ဆင်မယ့် အကြံအစည်ကို မထောက်ခံပါဘူး လို့ မစ္စတာ ကိုဘင်က ပြောကြား ပါတယ်။

IS ကို ဒီလို စစ်ရေး အရ ဝင်ပြီးတိုက်ခိုက်ဖို့ အမြင်ကို Jeremy Corbyn က ဆန့်ကျင် ပေမယ့် သူ့ပါတီ အမတ် အများအပြားက အစိုးရကို ထောက်ခံမယ့် အနေအထား ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ