ဆီးရီးယားထဲမှာပါ ယူကေက လေကြောင်း တိုက်ခိုက်တော့မယ်

  • 2 ဒီဇင်ဘာ 2015
uk_syria
Image caption လေဘာ ပါတီ ထိပ်တန်း အမတ် တွေကပါ အစိုးရ အဆိုပြုချက် အပေါ် ထောက်ခံ မဲ ပေးခဲ့

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ဆိုပြီး သူတို့ ဘာသာ ခေါ်ဝေါ် သုံးစွဲတဲ့ လက်နက်ကိုင် အဖွဲ့ ကို ပစ်မှတ် ထားပြီး ဆီးရီးယား နိုင်ငံ ထဲမှာပါ ဗြိတိန် က လေကြောင်း တိုက်ခိုက်မှု တွေ ပြုလုပ်ဖို့ ဗြိတိသျှ ပါလီမန် အမတ် တွေက ထောက်ခံမဲ ၃၉၇ မဲ၊ ကန့်ကွက်မဲ ၂၂၃ မဲ နဲ့ ခွင့်ပြု လိုက် ပါတယ်။

အလယ်ခေတ်တုန်းက မကောင်းဆိုးရွား တွေနဲ့ ထပ်တူညီတဲ့ IS ကို တိုက်ခိုက် တာဟာ တရားဝင် ပြီး၊ ဗြိတိန် နိုင်ငံကို လုံခြုံစေ မှာ လည်း ဖြစ်တယ် လို့ ဝန်ကြီး ချုပ် ကင်မရွန် က တိုက်တွန်း ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် စစ်ပွဲ တစ်ခု စတင်ဖို့ အစိုးရဘက် က တင်ပြတာ တွေ များများစားစား မရှိဘူး ဆိုပြီး အတိုက်အခံ လေဘာ ပါတီ ခေါင်းဆောင် ဂျရမီ ကိုဘင် က ငြင်းခုံမှု ပြုခဲ့ ပေမယ့်၊ လေဘာ ပါတီ ထဲမှာကို ဆီးရီးယား ထဲမှာပါ IS ကို တိုက်ခိုက် သင့်တယ် လို့ ယူဆ ကြတဲ့ ပါလီမန် အမတ် တွေ ရှိခဲ့ ပါတယ်။

ဒါ့ကြောင့် ပါလီမန် ထဲ ၁၀ နာရီကြာ ငြင်းခုံ ဆွေးနွေး ခဲ့ပြီး တဲ့ နောက် မဲခွဲ ခဲ့တာ မှာတော့ လေဘာ ပါတီ ထိပ်တန်း အမတ် တွေကပါ အစိုးရ အဆိုပြုချက် အပေါ် ထောက်ခံ မဲ ပေးခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ