ဆန်ဘာနာဒီးနိုး မြို့ ပစ်ခတ်ခဲ့သူတွေရဲ့ နေအိမ်ကို စီးနင်း

  • 4 ဒီဇင်ဘာ 2015
_bernardino_police_sheriff_ ဓာတ်ပုံ မူပိုင် Getty
Image caption တိုက်ခိုက် ခဲ့သူတွေ ရဲ့ နေအိမ် ကနေ လက်လုပ်ဗုံး ၁၂ လုံး အပါအဝင် ကျည်ဆံ တွေ ထောင်ပေါင်းများစွာ တွေ့ခဲ့ရ။

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန် ဘာနာဒီးနိုး မြို့မှာ ပစ်ခတ်မှု ကျူးလွန် ခဲ့သူတွေ ရဲ့ နေအိမ် ကနေ တွေ့ရှိ ခဲ့ရတဲ့ လက်နက် ခဲယမ်း တွေရဲ့ ပမာဏ ကို ကြည့်ရင် သူတို့ မှာ တစုံတရာကို အထမြောက် အောင်မြင်အောင် ဆောင်ရွက်လိုတဲ့ ကြံရွယ်ချက် ရှိတာ ကို ပြသနေတယ် ဆိုပြီး ဒေသခံ အာဏာပိုင် တွေက ပြောပါတယ်။

ဆန် ဘာနာဒီးနိုး မြို့ ပစ်ခတ်မှု ကို ကြည့်ရင် အကွက်ကျကျ ကြိုတင် ကြံစည် ထားတဲ့ အထောက်အထား တွေ အများအပြား တွေ့ရ ပေမယ့် တိုက်ခိုက် မှုရဲ့ အကြောင်းခံ ရည်ရွယ်ချက် ကို တော့ ရှင်းရှင်း လင်းလင်း မသိရ သေးဘူး လို့ FBI အဖွဲ့ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဒေးဗစ် ဘိုးဒစ်ချ် က ပြောပါတယ်။

တိုက်ခိုက် ခဲ့သူတွေ လို့ သံသယ ရှိရသူတွေ ရဲ့ နေအိမ် ကနေ လက်လုပ်ဗုံး ၁၂ လုံး အပါအဝင် ကျည်ဆံ တွေ ထောင်ပေါင်းများစွာ တွေ့ခဲ့ရတယ် ဆိုပြီး ဆန် ဘာနာဒီးနိုး မြို့ ရဲတပ်ဖွဲ့ ရဲ့ အကြီးအကဲ ဂျားရော့ဒ် ဘာဂွမ် က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့ က ဆန် ဘာနာဒီးနိုး မြို့ လူမှုဖူလုံရေး ဌာန ရဲ့ အဆောက်အဦ တစ်ခု မှာ ဆိုင်ယက်ဒ် ဖာရွတ်ခ် နဲ့ တပ်ရှ်ဖင်း မာလစ်ခ် ဆိုတဲ့ အမျိုးသား တစ်ဦး နဲ့ အမျိုးသမီး တစ်ဦးတို့ က ချေမှုန်းရေး ရိုင်ဖယ်တွေ နဲ့ ပစ်ခတ် ခဲ့လို့ လူ ၁၄ ဦး သေဆုံး ခဲ့ရပြီး၊ ရဲ တပ်ဖွဲ့ဝင် နှစ်ဦး အပါအဝင် ၂၁ ယောက် ဒဏ်ရာ ရရှိ ခဲ့ ပါတယ်။

အဲဒီ့ နှစ်ဦး ကိုလည်း နောက်ပိုင်းမှာ အသေ ပစ်ခတ် ဖမ်းဆီး မိခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ