ရာသီဥတု ထိန်းချုပ်ရေး မူကြမ်း ထွက်လာပြီ

fatahaadaha_soomaaliya_somalia_climate
Image caption ဒေသချင်းလိုက် အကျိုးစီးပွား တွေ အပေါ် အလေး ပေး နေမှု ကို ကျော်လွှား နိုင်မှ ကမ္ဘာ့ ရာသီ ဥတု ပြောင်းလဲ လာတဲ့ ပြဿနာ ကို အောင်အောင် မြင်မြင် ကိုင်တွယ် နိုင်မှာ ဖြစ်တယ်။

ကမ္ဘာကြီး ပူနွေး လာမှုကို ကိုင်တွယ် ထိန်းသိမ်း ရေး အတွက် လုပ်ဆောင်ရမှာ တွေ နဲ့ ပတ်သက်ပြီး မူကြမ်း တစ်စောင် ကို နိုင်ငံတကာ ညှိနှိုင်းရေး သမားတွေ အကြား သဘောတူ ညီမှု ရနိုင် လိုက်တဲ့ အပေါ် ပြင်သစ် သမ္မတ ဖရော်ဆွာ အိုလော်န်း က ကြိုဆို လိုက် ပါတယ်။

ပြင်သစ် နိုင်ငံ ပဲရစ် မြို့တော် မှာ ကမ္ဘာ့ ရာသီ ဥတု ပြောင်းလဲ လာတဲ့ ပြဿနာ ကို ကိုင်တွယ် နိုင်ဖို့ အတွက် နိုင်ငံပေါင်း ၁၉၅ နိုင်ငံ က ကိုယ်စားလှယ် တွေ ပါဝင်ပြီး ကုလသမဂ္ဂ ရဲ့ ထိပ်သီး ညီလာခံ ကို ကျင်းပ နေကြတာ ဖြစ်ပါတယ်။

ဒေသချင်းလိုက် အကျိုးစီးပွား တွေ အပေါ် အလေး ပေး နေမှု ကို ကျော်လွှား နိုင်မှ ကမ္ဘာ့ ရာသီ ဥတု ပြောင်းလဲ လာတဲ့ ပြဿနာ ကို အောင်အောင် မြင်မြင် ကိုင်တွယ် နိုင်မှာ ဖြစ်တယ် လို့ သမ္မတ အိုလော်န်း က ဆိုပါတယ်။

စနေနေ့ အစောပိုင်းတုန်း က အားလုံး သဘောတူ မှု ရရှိခဲ့တဲ့ မူကြမ်း ထဲမှာ တစ်ခုနဲ့ တစ်ခု ဝိရောဓိ ဖြစ်နေကြတဲ့ အကြံပြုချက် တွေ ပါဝင် နေပေမယ့်၊ ထိပ်သီး ညီလာခံ ရဲ့ ကျန်ရှိ နေသေးတဲ့ သီတင်း တစ်ပတ် အတွင်း အားလုံး အချောသတ် ပြီးစီး နိုင် ဖို့ မျှော်လင့် ထားတယ် ဆိုပြီး တော့လည်း မစ္စတာ အိုလော်န်း က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ