မလေးဝန်ကြီးချုပ်ကို လာဘ်စားမှုနဲ့ စစ်ဆေး

  • 5 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် EPA
Image caption လာဘ်ပေးမှု တိုက်ဖျက်ရေး ကော်မတီ ဝန်ကြီးချုပ်ကို စစ်

မလေးရှား လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တာဝန်ရှိသူ တွေဟာ ဝန်ကြီးချုပ် နာဂျစ် ရာဇတ် ကို လာဘ်စားမှု အတွက် စုံစမ်း စစ်ဆေးရေး တစိတ် တဒေသ အဖြစ် ၂ နာရီကျော်ကြာ မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။

ဇူလိုင် လအတွင်း က Wall Street ဂျာနယ်က ဆောင်းပါး တခုထဲမှာ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တခုက နေ မလေးရှား ဝန်ကြီးချုပ်ရဲ့ ကိုယ်ပိုင် ဘဏ်စာရင်း ထဲကို ဒေါ်လာ သန်းခြောက်ရာ လွှဲပြောင်း ပေးခဲ့တယ် လို့ ရေးသား ခဲ့ပြီးနောက်မှာ မစ္စတာ နာဂျစ် ရာဇတ် ကို လာဘ်ပေး လာဘ်ယူ မှုတွေနဲ့ စွပ်စွဲ နေကြတာ ဖြစ်ပါတယ်။

လာဘ်စားမှု တိုက်ဖျက်ရေး ကော်မတီက တာဝန်ရှိသူတွေရဲ့ စုံစမ်းမှုတွေ ပြုလုပ်တာ အလွန် နှေးကွေး လွန်းတယ်လို့ မလေးရှား နိုင်ငံက စောင့်ကြည့် လေ့လာရေး အဖွဲ့တွေက ဝေဖန် ပြောကြား နေကြပါတယ်။

ဝန်ကြီးချုပ် နာဂျစ် ရာဇတ်က သူ့အနေနဲ့ ဘာ အမှားအယွင်းမှ မလုပ်ထားဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ