ဆန်ဘာနာဒီးနိုး ပစ်ခတ်မှု အကြမ်းဖက် တိုက်ခိုက်တာလို့ အိုဘာမား ပြော

  • 5 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption လက်နက်ကိုင်ဆောင်ခွင့် ဥပဒေနဲ့ တင်းကျပ်ဖို့ အိုဘားမား တိုက်တွန်း

ကယ်လီဖိုးနီးယား ပြည်နယ် ဆန် ဘာနာ ဒီးနိုးမြို့က အကြမ်းဖက် တိုက်ခိုက်မှုတွေ ကို ပြုလုပ်ခဲ့ကြတဲ့ လင်မယား စုံတွဲဟာ ဘာသာရေး အရ အစွန်းရောက် ပြီး အကြမ်းဖက် တိုက်ခိုက်တာလို့ အမေရိကန် သမ္မတ အိုဘာမား က ပြောကြား လိုက်ပါတယ်။

လူ တိုင်းဟာ သေနတ် ကို လွယ်လင့် တကူ ဝယ်ယူလို့ ရနေတဲ့ အကြောင်း ကိစ္စဟာ ဒါဟာ မှားယွင်းမှု တစ်ခုလို့ ပြောကြားခဲ့ပြီး အမေရိကန် လွှတ်တော် က ဥပဒေ နဲ့ ထိန်းကျောင်းပေးဖို့ မစ္စတာ အိုဘားမား က တိုက်တွန်း လိုက်ပါတယ်။

အပါတ်စဉ် ရေဒီယို မိန့်ခွန်း ပြောကြားချက် တစ်ခုမှာ အမေရိကန် တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေး အတွက် သူတို့ရဲ့ လုပ်ပိုင်ခွင့် ထဲကနေ ဆောင်ရွက်ကြဖို့ အတွက် ကိုလည်း တိုက်တွန်း ခဲ့ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် က ပစ်ခတ် တိုက်ခိုက်မှုဟာ သေနတ် ကိုင်ဆောင်ခွင့် ရှိနေတဲ့ အတွက် အမေရိကန် ပြည်သူတွေ ကြားမှာ အလွယ်တကူ အန္တရာယ် ကျ ရောက် နေတာကို သတိပေးမှု တစ်ခုလို့လည်း ထည့်သွင်း ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ