ပြင်သစ်ဒေသန္တရ ရွေးကောက်ပွဲ ပထမအဆင့်မှာ လက်ျာစွန်းရောက်တွေ အခြေအနေကောင်း

marine_le_pen ဓာတ်ပုံ မူပိုင် Reuters
Image caption လက်ျာစွန်းရောက် အမျိုးသားရေး တပ်ဦးပါတီ ဟာ အကြမ်းဖက်ဝါဒ နဲ့ လူဝင်ရောက်မှု အကြား ဆက်စပ် နေတယ် ဆိုပြီး ပြောဆို နေတဲ့ နိုင်ငံရေး ပါတီ ဖြစ်ပါတယ်။

ပြင်သစ် နိုင်ငံ ရဲ့ ဒေသန္တရ ရွေးကောက်ပွဲ တွေကို ပထမ အကျော့ အနေနဲ့ ကျင်းပ ခဲ့တာ မှာ မရီ လီပန်း ဦးဆောင်တဲ့ လက်ျာစွန်းရောက် အမျိုးသားရေး တပ်ဦး ပါတီ က စံချိန်တင် မဲ အသာစီး ရခဲ့ ပါတယ်။

ပဲရစ် မြို့တော်မှာ လူပေါင်း ၁၃၀ သေဆုံးခဲ့ရတဲ့ အစ္စလာမ်မစ် တို့ တိုက်ခိုက်တာ ခံခဲ့ရပြီး သီတင်း ၃ ပတ် အကြာ မှာ အခုလို ဒေသန္တရ ရွေးကောက်ပွဲ တွေ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားရေး တပ်ဦး ပါတီ က ပြင်သစ်ရဲ့ ဒေသကြီး ၁၃ ခုထဲက ၆ ခုမှာ မဲ အများဆုံး ရရှိ နိုင်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားရေး တပ်ဦး ပါတီ လက်ထဲ အာဏာ မရောက် အောင် လို့ဆိုပြီး လက်ရှိ အာဏာရ ဆိုရှယ်လစ် တွေနဲ့ ပူးပေါင်းတာ မျိုး လုပ်ဆောင် မှာ မဟုတ်ဘူး လို့ ဗဟို လက်ျာ ရီပတ်ဘလေကဲန် ပါတီရဲ့ ခေါင်းဆောင် သမ္မတဟောင်း နီကိုးလပ်စ် ဆာကိုဇီ က ပြောထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ