အိုဘားမား အိမ်ဖြူတော် ရုံးခန်းကနေ မိန့်ခွန်းပြောမယ်

  • 7 ဒီဇင်ဘာ 2015
_obama_ ဓာတ်ပုံ မူပိုင် Getty
Image caption အကြမ်းဖက် ဝါဒ ကြီးထွား လာနေတဲ့ အန္တရာယ် နဲ့ သမ္မတ အိုဘားမား အစိုးရ က ဒီ အန္တရာယ် အပေါ် ဘယ်လို ကိုင်တွယ် နေသလဲ။

သမ္မတ အိုဘားမား ဟာ Oval Office လို့ ခေါ်တဲ့ အမေရိကန် သမ္မတရဲ့ အိမ်ဖြူတော် ရုံးခန်းကနေ မိန့်ခွန်း ပြောဖို့ ရှိနေပါတယ်။

အခုလို Oval Office မိန့်ခွန်း ပေးတယ် ဆိုတာ မျိုးဟာ ရှားရှားပါးပါး ပြုလုပ်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကယ်လီဖိုးနီးယား ပြည်နယ် မှာ ဖြစ်ခဲ့တဲ့ လင်မယား စုံတွဲရဲ့ ပစ်ခတ်မှု ကြောင့် လူ ၁၄ ယောက် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမား က ပြောကြားမှာ ဖြစ်ပါတယ်။

အကြမ်းဖက် ဝါဒ ကြီးထွား လာနေတဲ့ အန္တရာယ် နဲ့ သမ္မတ အိုဘားမား အစိုးရ က ဒီ အန္တရာယ် အပေါ် ဘယ်လို ကိုင်တွယ် နေသလဲ ဆိုတာ တွေ သမ္မတ မိန့်ခွန်း ထဲ ပါဝင် လိမ့်မယ် လို့ အိမ်ဖြူတော် က ထုတ်ပြန် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ