အေဒန်ဗုံးကွဲမှု မြို့အုပ်ချုပ်ရေးမှူး သေဆုံး

  • 6 ဒီဇင်ဘာ 2015
Image caption ပေါက်ကွဲမှု ကြောင့် အေဒန် မြို့တော်ဝန် သေဆုံး

ယီမင် နိုင်ငံ တောင်ဘက်ပိုင်းက အေဒန် ဆိပ်ကမ်း မြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ မြို့တော် အုပ်ချုပ်ရေးမှူး ဂျာဖာ မိုဟာမက် ဆက်ဒ် သေဆုံး ခဲ့ရပါတယ်။

ပေါက်ကွဲမှု အတွင်း မြို့တော် အုပ်ချုပ်ရေးမှူးကို လိုက်လံ စောင့်ရှောက်နေတဲ့ ကိုယ်ရံတော် တွေလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

ယီမင် နိုင်ငံက အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့တွေက ဖောက်ခွဲ တိုက်ခိုက်မှု တွေကို သူတို့ လုပ်ခဲ့တာလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီနှစ် အစောပိုင်း ကာလ တွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲ တွေ အတွင်း မြို့ အုပ်ချုပ်ရေးမှူး မစ္စတာ ဂျာဖာ ဟာ အစိုးရ တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ဟွန်သီ သူပုန်တွေကို အေဒန် မြို့ကနေ တိုက်ထုတ် နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဇူလိုင် လ တုန်း က နိုင်ငံ မြောက်ပိုင်းမှာ အခြေချတဲ့ ဟွန်သီ သူပုန် တွေဟာ ယီမင် နိုင်ငံရဲ့ မြို့တွေ အတော်များများကို ထိန်းချုပ် နိုင်ငံတဲ့ အတွက် အေဒန် မြို့ဟာ အစိုးရ တပ်ဖွဲ့ ရဲ့ ယာယီ မြို့တော် အဖြစ် သမ္မတ အဗ်ဒရာဘာ မန်ဆို ဟာဒီ က ကြေငြာခဲ့ရပါတယ်။  

ဒီသတင်းနဲ့ပတ်သက်သမျှ