သေနတ်သမားစုံတွဲ အစွန်းရောက်ဝါဒထဲ ဘယ်လို အသိမ်းသွင်းခံခဲ့ရလဲ FBI မှာ အဖြေမရှိ

  • 8 ဒီဇင်ဘာ 2015
us_shooting ဓာတ်ပုံ မူပိုင် Reuters
Image caption အရပ်က အဲဒီ့ လင်မယား အိမ် ကနေ ပိုက်တွေ ၁၉ ချောင်း တွေ့ ခဲ့ရပြီး လက်လုပ်ဗုံး လုပ်ဖို့ ဖြစ် နိုင်တယ် လို့ FBI ပြော။

ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့ က ကယ်လီဖိုးနီးယား ပြည်နယ် ဆန် ဘာနာဒီးနိုး မြို့မှာ လူ ၁၄ ယောက် သေဆုံး ရတဲ့ အထိ ပစ်ခတ် ခဲ့တဲ့ လင်မယား စုံတွဲ ဟာ ဘာသာရေး အစွန်းရောက် ဝါဒ ထဲ အသိမ်းသွင်း ခံခဲ့ရတာ အချိန် အတန်ကြာ ရှိနေနိုင် ပြီ ဖြစ်တယ် လို့ FBI ထောက်လှမ်းရေး အဖွဲ့ က ပြောပါတယ်။

ဒါပေမယ့် ဘယ်သူတွေ က ဘယ်လို ဘယ်ပုံ သိမ်းသွင်း ခဲ့တာလဲ ဆိုတာ တော့ FBI အနေနဲ့ မသိရှိ သေးပါဘူး။

ဆိုင်ယက်ဒ် ဖာရွတ်ခ် နဲ့ ဇနီးသည် တက်ရှ်ဖင်း မာလစ်ခ် တို့ နှစ်ဦး ဟာ တိုက်ခိုက်မှု ကို မကျုးလွန် ခင် ရက် အနည်းငယ် အလိုမှာပဲ သေနတ် ပစ်ကွင်း ကိုသွား ပစ်မှတ် တွေ ကို ပစ်ခတ် လေ့ကျင့် တာမျိုး လုပ်ခဲ့တယ်လို့ FBI ရဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဒေးဗစ် ဘိုးဒစ်ချ် က ဆိုပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် Redlands အရပ်က အဲဒီ့ လင်မယား အိမ် ကနေ ပိုက်တွေ ၁၉ ချောင်း တွေ့ ခဲ့ရပြီး လက်လုပ်ဗုံး လုပ်ဖို့ ဖြစ် နိုင်တယ် လို့လည်း မစ္စတာ ဘိုးဒစ်ချ်က ဒီ အမှုကိစ္စ အပေါ် FBI ရဲ့ စုံစမ်းနေမှု အခြေအနေ နဲ့ ပတ်သက်ပြီး ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။

ဒီအချိန်မှာပဲ၊ ရီပတ်ဘလေကဲန် သမ္မတ လောင်း ဖြစ်ဖို့ ကြိုးစားနေတဲ့ အမေရိကန် သူဌေး ဒေါ်နယ် ထရမ့် ကတော့ မွတ်ဆလင်မ် တွေ အားလုံး အပေါ် အမေရိကန် ထဲ ပြည်ဝင် ခွင့် ယာယီပိတ် ပါ ဆိုပြီး ဆော်ဩ လာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ