ဒေါ်နယ်ထရမ့် အစ္စရေး ခရီးစဉ်ကို ရွှေ့ဆိုင်း

ဓာတ်ပုံ မူပိုင် AP
Image caption မွတ်ဆလင်တွေကို နိုင်ငံထဲ ဝင်ခွင့် ပိတ်ဖို့ ဒေါ်နယ်ထရမ့်က အခု သီတင်းပတ် အစပိုင်းမှာ ပြောခဲ့။

အမေရိကန် သမ္မတလောင်း အဖြစ် ဝင်အရွေးခံမယ့် ရီပက်ဘလီကန် ခေါင်းဆောင် ဒေါ်နယ် ထရမ့် က Donald Trump က အစ္စရေး နိုင်ငံကို သွားရောက်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်း လိုက်ပါတယ်။

သြဇာကြီးတဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်သူ ဒေါ်နယ် ထရမ့်က သူ အမေရိကန် သမ္မတ ဖြစ်လာပြီး နောက်မှပဲ အစ္စရေးကို သွားရောက် တော့မယ်လို့ သူ့ရဲ့ တွစ်တာ ကတဆင့် ပြောပါတယ်။

အခု သီတင်းပတ် အစောပိုင်းက မစ္စတာ ထရမ့်က အမေရိကန် နိုင်ငံထဲကို မွတ်ဆလင်တွေ ဝင်ရောက်ခွင့် မပေးဖို့ ပြောခဲ့ပါတယ်။

သူ့ရဲ့ စကားကို ကမ္ဘာအနှံ့က ဝေဖန်ခဲ့ကြရာမှာ အဲဒီလို ဝေဖန် ခဲ့သူတွေ အနက် အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုလည်း အပါအဝင် ဖြစ်ပါတယ်။

မစ္စတာ ထရမ့်ရဲ့ စကားက အစ္စရေး ခေါင်းဆောင်နဲ့ သွားရောက် တွေ့ဆုံမယ့် ခရီးကို အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။

ကာလီဖိုးနီးယား ပြည်နယ်မှာ မွတ်ဆလင် စုံတွဲရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၄ ယောက် သေဆုံးခဲ့ပြီး ရက်ပိုင်း အကြာမှာ မစ္စတာ ထရမ့်က အဲဒီ စကားကို ပြောခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ