ရာသီဥတုထိန်းချုပ်ရေး သဘောတူမှု ထွက်လာဖို့ အခြေအနေကောင်း

  • 11 ဒီဇင်ဘာ 2015
paris_climate_ ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာ့ အပူချိန် မြင့်တက် လာမှုကို ၂ ဒီဂရီ ဆဲလ်ဆီးယပ်စ် အောက် မှာပဲ ထားကြမယ်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲနေတာကို ထိန်းချုပ် ကိုင်တွယ်နိုင်ရေး အတွက် ပဲရစ်မြို့တော်မှာ ကျင်းပနေတဲ့ ထိပ်သီး ညီလာခံ အဆုံးသတ် တော့မယ့် နောက်ဆုံး နာရီ တွေ ရောက်လာ ပြီ ဖြစ်ပါတယ်။

ဒီ ထိပ်သီး ညီလာခံ ကနေ နိုင်ငံတကာ သဘောတူမှု တစ်ရပ် ရလာဖို့ အတွက် ညှိနှိုင်း ဆွေးနွေးမှု တွေ ဟာ အင်မတန် အရှိန်အဟုန် ကောင်း နေတယ် ဆိုပြီး အိမ်ရှင် ပြင်သစ် နိုင်ငံ က ပြောပါတယ်။

ကမ္ဘာကြီး ပူနွေး လာတဲ့ ပြဿနာကို ဖြေရှင်းကြဖို့ အရေး အပြီးသတ် သဘောတူမှု တစ်ရပ် ထွက်လာဖို့ အခြေအနေ အားလုံး အသင့်ဖြစ် နေပြီလို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရင့် ဖဘျူး က သတင်းထောက် တွေ ကို ပြောပါတယ်။

ကာဘွန် ဓာတ်ငွေ့ တွေ အထုတ်လွှတ်ဆုံး နိုင်ငံ ဖြစ်တဲ့ တရုတ် ပြည်ရဲ့ ကိုယ်စားလှယ် ကလည်း သဘောတူမှု တစ်ရပ် ရလာဖို့ သူအနေနဲ့ ယုံကြည်မှု အပြည့် ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ အပူချိန် မြင့်တက် လာမှုကို ၂ ဒီဂရီ ဆဲလ်ဆီးယပ်စ် အောက် မှာပဲ ထားကြဖို့ ကိုတော့ အခု ထိပ်သီး ညီလာခံ မှာ သဘောတူ ခဲ့ကြပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ