ဂျပန်ရဲ့ ကျည်ဆန်ရထား အိန္ဒိယ ဝယ်မယ်

  • 12 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption နှစ်နိုင်ငံကြား စစ်ဘက် နည်းပညာတွေ ဖလှယ်ဖို့လည်း သဘောတူခဲ့ကြ

ဂျပန် နိုင်ငံက ထုတ်လုပ်တဲ့ ကျည်ဆန် ရထား တွေကို ဝယ်ယူမှာ ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံက ကြေညာ လိုက်ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီ က မွန်ဘိုင်း မြို့နဲ့ အဟီမာဒါဘတ် မြို့ ကို ကူးသန်း သွားလာဖို့ အတွက် ကျည်ဆန် ရထားတွေကို အသုံးပြုမယ်လို့ ပြောကြား လိုက်ပြီး အိန္ဒိယ နိုင်ငံ ရဲ့ မီးရထား ပို့ဆောင်ရေး ကဏ္ဍ ကို ပြုပြင် ပြောင်းလဲ နိုင်မှု လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး အိန္ဒိယ နိုင်ငံကို လာရောက် လည်ပါတ်မှု အတွင်း နှစ် နိုင်ငံ အကြား စစ်ဘက်ဆိုင်ရာ နည်းပညာတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ကိုလည်း သဘောတူညီ နိုင်ခဲ့ကြပါတယ်။

နှစ် နိုင်ငံ အကြားမှာ နယူးကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး အတွက် နားလည်မှု စာချွန်လွှာကို သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့ကြပါတယ်။  

ဒီသတင်းနဲ့ပတ်သက်သမျှ