ဂျနီဗာမှာ အကြမ်းဖက် သံသယနဲ့ လူ၂ ယောက်ကို ဖမ်း

  • 12 ဒီဇင်ဘာ 2015
geneva_ ဓာတ်ပုံ မူပိုင် AP
Image caption ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ရဲ့ ဥရောပ ရုံးချုပ် တည်ရှိ ရာ ဂျနီဗာ မြို့မှာIS အဖွဲ့ဝင်တွေ ရောက်ရှိ နေနိုင်တယ် ဆိုပြီး တပ်လှန့် ထား။

ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ မြို့မှာ ဆီးရီးယား နိုင်ငံသား နှစ်ဦးကို ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေ ပြုလုပ်မှု၊ သိမ်းဆည်း သိုဝှက် ထားမှု နဲ့ သယ်ယူ ပို့ဆောင်မှု စတာတွေ ပြုလုပ် တယ် ဆိုပြီး သံသယနဲ့ ဆွစ် အာဏာပိုင် တွေ က ဖမ်းဆီး လိုက်ပါတယ်။

အဲဒီ့ သူ နှစ်ဦး ဟာ နိုင်ငံထဲ ကို လောလော လတ်လတ် ရောက်ရှိ လာကြသူတွေ ဖြစ်နိုင်ပြီး ဆွစ်နိုင်ငံထဲ အဓိက ပြောတဲ့ ဘာသာစကား တစ်ခု ဖြစ်တဲ့ ပြင်သစ် စကား မပြောတတ် ကြ ဘူး လို့ ဆိုပါတယ်။

အဲဒီ့ သူ နှစ်ဦး ရဲ့ ကားထဲ ကနေ ဗုံးတွေ ပြုလုပ်တဲ့ ဓာတု ပစ္စည်း သဲလွန်စ တွေ ကို ဆွစ် ရဲတပ်ဖွဲ့ က တွေ့ ရှိ ခဲ့ ပါတယ်။

ဒါပေမယ့် အစောပိုင်း က သံသယ ရှိထား သလို အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်ငွေ့ မျိုး ကိုတော့ မတွေ့ ခဲ့ ပါဘူး။

ဂျနီဗာ မြို့ဟာ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ရဲ့ ဥရောပ ရုံးချုပ် တည်ရှိ ရာဖြစ်ပြီး အစ္စလာမစ် နိုင်ငံ IS အဖွဲ့ဝင်တွေ ရောက်ရှိ နေနိုင်တယ် ဆိုပြီး အန္တရာယ် သတိပေး တပ်လှန့် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ