ပဲရစ် ဆုံးဖြတ်ချက် လိုက်နာဖို့ နိုင်ငံတွေ သဘောတူ

  • 13 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကမ္ဘာကြီးကို ကယ်တင်ဖို့ အခွင့်အရေး တစ်ရပ်လို့ အိုဘားမားပြော

ရာသီဥတု ပြုပြင် ပြောင်းလဲရေး ညီလာခံက သဘောတူညီမှု ရခဲ့တဲ့ အတွက် ဝမ်းမြောက်စွာ ကြိုဆိုကြောင်း တရုတ် နဲ့ အိန္ဒိယ နိုင်ငံတွေက ပြောကြား လိုက်ပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတို့ အကြား အတူတကွ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုဟာ စိန်ခေါ်မှု တစ်ခု ဖြစ်ပေမဲ့ ရာသီဥတု ကို ပြုပြင် ပြောင်းလဲ ဖို့ အတွက် ထိုက်တန်သော လုပ်ဆောင်မှု မဖြစ်မနေ လိုအပ်တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား က ပဲရစ် ညီလာခံက သဘောတူညီချက်ကြောင့် ကမ္ဘာကြီး ပူနွေးလာမှုကို ကယ်တင်ဖို့ အခွင့်အရေး တစ်ရပ် ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ်။

ပဲရစ် ရာသီဥတု ပြောင်းလဲရေး ညီလာခဲ့ကို တက်ရောက် လာကြတဲ့ နိုင်ငံပေါင်း ၁၉၅ နိုင်ငံက ကိုယ်စားလှယ်တွေဟာ ကမ္ဘာ့ အပူချိန် ကို ၂ ဒီဂရီ အောက်မှာပဲ ထားရှိဖို့ အတွက် သဘောတူညီ ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ