သံသယရှိသူ တစ်ဦးကို ပြင်သစ်ရဲ ဖမ်းဆီး

  • 15 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption နိုဝင်ဘာ ၁၃ ရက် ပဲရစ် တိုက်ခိုက်မှုကြောင့် လူ ၁၃၀ သေဆုံးခဲ့ရ။

နိုဝင်ဘာ ၁၃ ရက် ပဲရစ် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်နေရာမှာ သံသယရှိသူ တစ်ဦးကို ပဲရစ်မြို့ တဝိုက်မှာ ဖမ်းဆီး လိုက်တယ်လို့ ပြင်သစ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ပဲရစ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က ရှာဖွေစီးနင်းမှု အကြိမ်ပေါင်း ၂,၇၀၀ လောက် ပြုလုပ်ခဲ့ပြီး ပြင်သစ် နိုင်ငံအနှံ့က လူပေါင်း ၃၆၀ ကို နေအိမ် အကျယ်ချုပ် ချထားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ လူ ၂ ယောက်ကိုလည်း ပြင်သစ် မြောက်ပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။ ဇန်နဝါရီလ တုန်းက တိုက်ခိုက်ခဲ့တဲ့ သေနတ်သမား တွေကို လက်နက် ထောက်ပံ့ခဲ့တယ် ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာ ဖမ်းဆီးခဲ့တဲ့ ၂၉ နှစ်အရွယ် အမျိုးသား ကတော့ ဆီးရီးယားကို သွားရောက်ဖို့ စီစဉ် နေတယ်လို့ ပြင်သစ် သတင်းမီဒီယာက ပြောပါတယ်။

တချိန်တည်းမှာ ဂျာမနီ နိုင်ငံမှာလည်း ထင်ရှားတဲ့ အစ္စလာမ္မစ် တရားဟောဆရာ တစ်ယောက် ဖြစ်သူ Sven Lau ဆိုသူကို ဖမ်းဆီး ခဲ့ပါတယ်။ အဲဒီလူဟာ နဲ့ IS အဖွဲ့နဲ့ အဆက်အစပ် ရှိတဲ့ အုပ်စုတစ်ခုကို ထောက်ပံ့မှု၊ လူစုဆောင်းပေးမှု တွေအတွက် သံသယရှိတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ