ရီပက်ဘလီကန် သမ္မတလောင်းတွေ စကားစစ်ထိုးပွဲ

  • 16 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption IS အဖွဲ့ကို ဘယ်လို တားဆီးမလဲ ဆိုတဲ့ ကိစ္စအပေါ် ပြင်းပြင်းထန်ထန် ငြင်းခုန်ခဲ့။

အမေရိကန် ပြည်ထောင်စု၊ လက်စ် ဗေးဂက်စ်မှာ ပြုလုပ်တဲ့ ရီပက်ဘလီကန် ပါတီရဲ့ သမ္မတလောင်းတွေ စကားစစ်ထိုးပွဲမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကို ဘယ်လို တားဆီးမလဲ ဆိုတဲ့ ကိစ္စနဲ့ ပက်သက်ပြီး အချင်းချင်း ထိုးနှက် ပြောဆို ခဲ့ကြပါတယ်။

အဲဒီ ရီပက်ဘလီကန် သမ္မတလောင်းတွေ စကား စစ်ထိုးပွဲဟာ ပဲရစ်မြို့ တိုက်ခိုက်မှုနဲ့ ကာလီဖိုးနီးယား ပြည်နယ်က ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ပြုလုပ်တဲ့ပွဲ ဖြစ်ပါတယ်။

လုံခြုံရေးအရ စောင့်ကြည့်မှုနဲ့ လူဝင်မှု ပေါ်လစီတွေအကြောင်း အမျိုးသား လုံခြုံရေး ဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆီးနိတ် အမတ် Ted Cruz နဲ့ Marco Rubio တို့အကြား ပြင်းပြင်း ထန်ထန် ငြင်းခုန် ခဲ့ကြပါတယ်။

သမ္မတလောင်း တစ်ဦး ဖြစ်တဲ့ Jeb Bush ကလည်း တစ်ပြေးနေတဲ့ Donald Trump ကို တိုက်ခိုက် ပြောဆိုပြီး မဲဆွယ်မှုတွေ နာလံထူ နိုင်အောင် ကြိုးစားခဲ့ပါတယ်။

မစ္စတာ Trump ကတော့ မွတ်ဆလင်တွေကို အမေရိကန်ထဲ ဝင်ခွင့် ပိတ်သင့်တယ်လို့ အစောပိုင်းက ပြောခဲ့တဲ့ သူ့စကားကို ခုခံ ချေပရာမှာ သူက "လုံခြုံရေး ကိစ္စကို ကျွန်တော်တို့ ပြောနေတာ ဖြစ်ပြီး ဘာသာရေးနဲ့ မဆိုင်ဘူး" လို့ ပြောပါတယ်။

စကား စစ်ထိုးပွဲမှာ နိုင်ငံခြားရေး ပေါ်လစီနဲ့ အမျိုးသား လုံခြုံရေး ကိစ္စတွေ အထိ ကျယ်ကျယ်ပြန့်ပြန့် ပြောဆို ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ