IS ကို ငွေကြေး ဖြတ်တောက်နိုင်ရေး ကုလ ကြိုးပမ်း

  • 17 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption IS အဖွဲ့ရဲ့ ဝင်ငွေ တစ်လ ဒေါ်လာ သန်း ၈၀ ရှိ

IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ ဝင်ငွေ အရင်းအမြစ်တွေကို ဖြတ်တောက် နိုင်ရေး အတွက် ဆုံးဖြတ်ချက် အစီအစဉ်တစ်ခု ပေါ်ထွက်လာဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ နိုင်ငံ ၁၅ နိုင်ငံက ဘဏ္ဍာရေး ဝန်ကြီးတွေ ဆွေးနွေး နေကြပါတယ်။

အဲဒီ ဆုံးဖြတ်ချက် အတွက် မူကြမ်းကို ၁၉၉၉ ခုနှစ်က အယ်လ်ခိုင်ဒါ အဖွဲ့ကို ပစ်မှတ်ထား အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက် ပေါ်မှာ အခြေခံ ထားပါတယ်။

IS အဖွဲ့ရဲ့ ဝင်ငွေစီးကြောင်း တွေကို ဖြတ်တောက်ဖို့ အတွက် နိုင်ငံ အစိုးရတွေ အနေနဲ့ တိတိကျကျ လျင်လျင်မြန်မြန် လှုပ်ရှား ဆောင်ရွက်ကြဖို့၊ ပိတ်ဆို့ အရေးယူရမယ့် လူစာရင်းကိုလည်း ပိုပြီး တက်တက်ကြွကြွ တင်သွင်းကြဖို့ အဲဒီ မူကြမ်းက နိုင်ငံ အစိုးရတွေကို တိုက်တွန်း ထားပါတယ်။

IS အဖွဲ့ဟာ ကမ္ဘာပေါ်မှာ ငွေကြေး အတောင့်တင်းဆုံး စစ်သွေးကြွ အဖွဲ့အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယုံကြည် ထားကြပါတယ်။

နောက်ဆုံး စစ်တမ်းတစ်ခု အရ IS အဖွဲ့ရဲ့ ဝင်ငွေက လစဉ် ဒေါ်လာ သန်း ၈၀ ရှိတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ