ရဝမ်ဒါ အခြေခံဥပဒေပြင်ဖို့ လူထုဆန္ဒခံယူ

  • 18 ဒီဇင်ဘာ 2015
Paul Kagame ဓာတ်ပုံ မူပိုင်
Image caption ရဝမ်ဒါ သမ္မတ Paul Kagame

အာဖရိကတိုက် က ရဝမ်ဒါ နိုင်ငံမှာ သမ္မတ သက်တမ်း ကို တိုးမယ့် အခြေခံဥပဒေ ပြင်ဆင်ချက် တခု အတွက် လူထု ဆန္ဒခံယူပွဲ လုပ်နေပါတယ်။

ရဝမ်ဒါ သမ္မတ Paul Kagame ကို ၂ဝ၃၄ ထိ အာဏာ ဆက်ယူ ခွင့် ပြုမလား အခြေခံ ဥပဒေ ပြင်ဆင်မှု လုပ်ဖို့ ဆန္ဒ ခံယူပွဲ ကျင်းပ နေတာပါ။

မစ္စတာ ကာဂါမီဟာ ရဝမ်ဒါ မှာ လူမျိုးဆုံး သတ်ဖြတ်မှုတွေ ဖြစ်တဲ့ ၁၉၉၄ က စပြီး ခုချိန်ထိ ဒုသမ္မတ၊ ကာကွယ်ရေး ဝန်ကြီး နဲ့ သမ္မတ ရာထူးတွေကို ယူခဲ့ပါတယ်။

သူ ပြန် အရွေးခံ မခံ မဆုံးဖြတ်ခင်မှာ လူထု ဆုံးဖြတ်ချက်ကို လက်ခံ စဉ်းစား မယ်လို့လည်း ကာ ဂါမီက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ