စစ်လေယာဉ် မှတ်တမ်း ကိရိယာကို ဖွင့်စစ်

  • 18 ဒီဇင်ဘာ 2015
russia turkey plane ဓာတ်ပုံ မူပိုင်
Image caption လေယာဉ် ပစ်ချ ခံရလို့ ရုရှ တူရကီကို ဒဏ်ခတ် ပိတ်ဆို့

ဆီးရီးယား နယ်စပ်မှာ အရင်လ က တူရကီ ပစ်ချ ခံရတဲ့ ရုရှ စစ်လေယာဉ် က လေကြောင်း မှတ်တမ်းတင် ကိရိယာကို ရုရှ စစ်ဆေးရေး အဖွဲ့က ဖွင့်ပြီး စစ်ဆေး နေပါတယ်။

ဒီစစ်ဆေးမှုကို သတင်းထောက်တွေ၊ နိုင်ငံခြား သံတမန် ရှေ့မှာ ပြုလုပ်တာ ဖြစ်ပြီး ရုပ်သံက တိုက်ရိုက် ထုတ်လွှင့် နေပါတယ်။

ဗြိတိသျှ နဲ့ တရုတ် ကျွမ်းကျင်သူ တွေ ပါတဲ့ အဖွဲ့နဲ့ စုံစမ်း စစ်ဆေး သွားမယ် လို့လည်း သိရပါတယ်။

ဒီလေယာဉ် ပစ်ချ ခံရမှု အတွက် ရုရှ က တူရကီ ကို ဒဏ်ခတ် ပိတ်ဆို့ မှုတွေနဲ့ ပြင်းပြင်း ထန်ထန် တုံ့ပြန် ခဲ့ပါတယ်။

ဒီ ဗုံးကြဲ လေယာဉ်ပျံ တူရကီ နယ်စပ်ကို ကျော်ဖြတ် ချိန်မှာ အတန်တန် သတိပေးချက်တွေကို လျစ်လျူရှု ခဲ့လို့ ပစ်ချ ခဲ့တယ်လို့ တူရကီ ဘက်က ဖြေရှင်းပါတယ်။

ဒါကို ရုရှ ဘက် က ပြင်းထန်စွာ ပယ်ချ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ