ဆီးရီးယားအရေးလုံခြုံရေးကောင်စီသဘောတူ

  • 18 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ငါးနှစ်ကြာပြည်တွင်းစစ်ကြောင့် အထိနာခဲ့ရတဲ့ဟုမ်မြို့မြင်ကွင်း

ဆီးရီးယား နိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အကောင် အထည်ဖော် ဆောင်ရွက်မယ့် အစီအစဉ် ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က အတည်ပြု ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

လုံခြုံရေး ကောင်စီ ရဲ့ ဆုံးဖြတ်ချက် ထဲမှာ ဆီးရီးယား နိုင်ငံက တပ်ဖွဲ့တွေ အနေနဲ့ အရပ်သား တွေကို တိုက်ခိုက်မှု ကိုလည်း ရပ်တန့်ဖို့ တောင်းဆို ထားပါတယ်။

ဒီသဘော တူညီချက် အရ၊ ကုလသမဂ္ဂ ကကြီးမှူးပြီး ဆီးရီးယား အစိုးရနဲ့ အတိုက် အခံတွေကြား ဇန်နဝါရီလ မှာ အစောဆုံး တွေ့ဆုံ ဆွေးနွေး နိုင်ရေးကို ဆောင်ရွက် ကြမှာ ဖြစ်ပါတယ်။

၆ လအတွင်း အသွင်ကူး ပြောင်းရေး ကာလ အစိုးရ ဖွဲ့နိုင်အောင် ဆွေးနွေးကြဖို့၊ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ပြီး ရွေးကောက်ပွဲ တွေကို ၁၈ လ အတွင်း ကျင်းပဖို့ သဘောတူ ခဲ့ကြ ပါတယ်။

နောက်ပြီး ဆီးရီးယား နိုင်ငံရဲ့ အနာဂတ်ကို ဆီးရီးယား ပြည်သူတွေ ကသာ ဆုံးဖြတ် ဆောင်ရွက် နိုင်မှာ ဖြစ်တယ်လို့ ဖော်ပြ ပါရှိပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် ဟာ ဆီးရီးယား နိုင်ငံ ပြုပြင် ပြောင်းလဲရေး ကို ဦးတည် စေမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။